မြဝတီမြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားအမှတ် (၁) တွင် ပြင်းထန်သည့် ဗုံးပေါက်ကွဲမှုဖြစ်ပွား

မြဝတီမြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားအမှတ် (၁) တွင် ပြင်းထန်သည့် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ဧပြီ ၂၄

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် စစ်ကောင်စီတပ်က လုံခြုံရေး ယူထားသည့် မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား အမှတ် (၁) တွင် ပြင်းထန်သည့် ဗုံးပေါက်ကွဲမှု ဧပြီလ ၂၃ ရက်နေ့ ည ၁၀ နာရီခွဲ ဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် တံတားရှိ ဂိတ်စခန်း၊ ကားနှင့်ဆိုင်ကယ် အချို့ မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

“အဲ့လောက်ကြီးတဲ့ ဗုံးပေါက်တာ တစ်ခါမှ မကြုံဘူး၊ အခုဗုံးက အတော်ကြီးမယ်ဗျ၊ မြေတွေလည်း တုန်တယ်၊ ဗုံးပေါက်ပြီး ခဏအကြာမှာ ပစ်ခတ်တာတွေ ဖြစ်တယ်ဗျ၊ အသံကတော့ ကြားရတယ်၊ ဘယ်နေရာလဲတော့ မသိဘူး၊ ထွက်မကြည့်ရဲဘူး” ဟု မြဝတီမြို့ခံ တစ်ဦးက ပြောသည်။

ပေါက်ကွဲမှုကြောင့် လူထိခိုက်မှု ရှိ မရှိ မဇ္ဈိမက ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က မြဝတီမြို့တွင်း ပြည်သူအချို့ကို ဖမ်းဆီး စစ်ဆေးနေကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

#Mizzima

#မြဝတီ

#ချစ်ကြည်ရေးတံတား

#ဗုံးပေါက်ကွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly