ဖားကန့်မြို့တွင် KIA၊ PDF၊ NUG ထောက်ခံပွဲနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးသပိတ်မှောက်

ဖားကန့်မြို့တွင် KIA၊ PDF၊ NUG ထောက်ခံပွဲနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးသပိတ်မှောက်

ဧပြီ ၂၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယနေ့ ဧပြီလ ၂၂ ရက်နေ့က ပြည်သူ ၃၀၀ ခန့်က KIA၊ PDF၊ NUG ထောက်ခံပွဲနှင် စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရေး ချီတက်သပိတ်မှောက်ကြသည်။

ဖားကန့်မြို့တွင် အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက် ဖြတ်တောက်ခံထားရသည်မှာ ရှစ်လကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

ဆန္ဒပြ ပြည်သူများက KIA၊ PDF တိုက်ပွဲတိုင်းမှာ နိုင်ပါစေ၊ NUG အစိုးရ ဒို့အစိုးရ ၊ အကြမ်းဖက်စစ်တပ်လုံးဝအုပ်ချုပ်ခွင့် မရစေရ၊ ဖက်ဆစ် စစ်တပ်အမြစ်ဖြတ် ၊ ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး ၊ ဖမ်းဆီးခံထားရသော နိုင်ငံခေါင်းဆောင်များနှင့် ရဟန်းရှင် ပြည်သူများ ချက်ချင်းလွှတ်၊ အင်တာနက်ဖြတ်တဲ့ မင်းအောင်လိုင်အဖွဲ့ အသေဆိုးနဲ့ သေပါစေ ၊ဒို့ရဲဘော်တွေ ထောက်ပံ့နိုင်ဖို့ ငွေတိုက်စာချုပ်ဝယ်ကြစို့ ၊ တော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံး ပါဝင်စို့ စသည့် ကြွေးကြော်သံများဖြင့် ချီတက် သပိတ်မှောက်ခဲ့ကြသည်။

#Mizzima

#ကချင်ပြည်နယ်

#ဖားကန့်မြို့

#ချီတက်သပိတ်မှောက်

#အင်တာနက်ဖြတ်တောက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly