မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယခင်အစိုးရပိုင် နွားနောက်များကို ပြည်သူပိုင်သိမ်းကြောင်း ကြေညာ

မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယခင်အစိုးရပိုင် နွားနောက်များကို ပြည်သူပိုင်သိမ်းကြောင်း ကြေညာ

ဧပြီ ၂၁

ယခင်ရွေးကောက်ခံအစိုးရမှ မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် မွေးမြူရေးနှင့် ကုသရေးဌာန ပိုင်အဖြစ် နွားနောက်များကို ရွာသားများအား အခကြေးငွေဖြင့် မွေးမြူထိန်းကြောင်းစေခဲ့ကြောင်း သိရပြီး ယခု အခါ ၎င်းနွားနောက်များကို မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူပိုင်အဖြစ် သိမ်းယူ လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

“ မင်းတပ် ပအဖကနေ ၂၀ ရက်နေ့ နေ့စွဲနဲ့ စာထုတ်လာတာတွေ့ရတယ်။ အရင့်အရင် အစိုးရတွေလက် ထက်မှာ နွားနောက်တွေကို ခြံခတ်လှောင်ပြီးမွေးကြတာ သိပ်အဆင်မပြေဘူးထင်တယ်။ မအောင်မြင်ဘူး ပေါ့။ နွားနောက်ရဲ့သဘော သဘာဝက လွှတ်ကြောင်းထားရတာ။ အဲဒီတော့ ရွေးကောက်ခံ အစိုးရက မွေးမြူရေးနှင့် ကုသရေးဌာနပိုင်အဖြစ် ဝယ်ပြီးမွေးမယ်။ ရွာသားတွေက မွေးပေးပေါ့၊ ကြည့်ရှုခပေးမယ် ဆိုတဲ့သဘောမျိုးဖြစ်တယ်။ အဲဒါကို အခုအာဏာသိမ်းအစိုးရလက်အောက်ခံတွေက အမျိုးမျိုးပြောနေ ကြတော့ မင်းတပ်အုပ်ချုပ်ရေးအဖွဲ့ကနေ ဒီနွားနောက်တွေကို ပြည်သူပိုင်အဖြစ်သိမ်းတယ်ဆိုပြီး စာထုတ် လာတာဖြစ်မယ်” ဟု မင်းတပ် ဒေသခံတစ်ဦးကပြောသည်။

အဆိုပါထုတ်ပြန်ကြေညာချက်ထဲတွင် “ ယခုကာလသည် အာဏာသိမ်းစစ်ကောင်စီကို ပြည်သူတစ်ရပ် လုံးက တော်လှန်နေချိန်ဖြစ်ပြီး ၎င်းနွားနောက်များနှင့် ပတ်သက်၍ Non-CDM ဝန်ထမ်းများ၏ ဝင်ရောက် ပြောဆိုမှုများသည် တရားဝင်မှုမရှိသောကြောင့် ပြည်သူများအနေဖြင့် အလေးထားရန်မလိုအပ်ကြောင်း နှင့် မိမိတို့ထိန်းကျောင်းနေသောနွားနောက်များကို ပုဂ္ဂိုလ်ရေး(ကိုယ်ရေးကိုယ်တာ)အဖြစ် အလွဲသုံးစား ခြင်း မပြုလုပ်ကြရန်နှင့် အဆိုပါနွားနောက်များကို ပြည်သူပိုင်အဖြစ်သိမ်းယူကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဧပြီလ(၂၀)ရက်တွင် ကြေညာချက်အမှတ် (၇/၂၀၂၂) ဖြင့်” ကြေညာလိုက် ခြင်း ဖြစ်သည်။

ချင်းပြည်နယ်ရှိ မြို့နယ်များမှ ကျေးရွာများတွင် အိမ်ထောင်စု ၇၀ ရာခိုင်နှုန်းခန့်သည် နွားနောက်များကို မွေးမြူကြပြီး ဘာသာရေးပွဲတော်များ၊ သာရေးနာရေး၊ ခိုက်ရန်ဖြစ်ပွားမှုနှင့် လျော်ကြေးပေးရာတွင် နွားနောက်ဖြင့် လျော်ကြေးပေးလေ့ရှိသည်။ လက်ရှိပေါက်ဈေးအရ နွားနောက်အကြီး တစ်ကောင် လျှင် ကျပ် ၁၅ သိန်းကျော်တန်ဖိုးရှိကြောင်း သိရသည်။

#Mizzima

#ချင်းပြည်နယ်

#မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

#နွားနောက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required