ရွှေပြည်သာမြို့နယ် (ဏ/၁၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

ရွှေပြည်သာမြို့နယ် (ဏ/၁၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

ဧပြီ ၂၀

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် (ဏ/ ၁၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဧပြီလ ၁၇ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက် ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

လက်ပစ်ဗုံး ပေါက်ကွဲမှုကြောင့် အုပ်ချုပ်ရေးမှူး ဦးလင်းအောင် ဆိုသူ၏ တပည့် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တိုက်ခိုက်ခဲ့သည့် Wolves တပ်ဖွဲ့ တာဝန်ခံက ပြောသည်။

"လင်းအောင် ဆိုတဲ့လူက စစ်ကောင်စီကို ငွေရှာပေးနေတဲ့သူ တစ်ယောက်ဗျ၊ သူ့မှာ တပည့်တွေလည်း ရှိတယ်၊ ဒလန်တွေပေါ့ဗျာ၊ အဲ့ဒီ ဒလန်တွေနဲ့ သူတို့ရဲ့ မိသားစုတွေ ကလည်း အဲ့ဒီရုံးထဲမှာ အဝင်အထွက်ရှိတယ်။ အစကတော့ သင်္ကြန်ရက် ကတည်းက လုပ်ဖို့ပဲ၊ ရုံးထဲမှာ မဆိုင်တဲ့သူတွေ ရှိနေလို့ စောင့်လိုက်ရတာပါ" ဟု ၎င်းကဆိုသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များကို စစ်ကောင်စီတပ်များနှင့် ပေါင်း၍ ရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်ကြောင်း စစ်ကောင်စီအား ဆက်လက် ထောက်ပံ့နေပါက ပြင်းပြင်းထန်ထန် တိုက်ခိုက်မည် ဖြစ်ကြောင်း ဆိုသည်။

ဗုံးပေါက်ကွဲ ပြီးနောက် လူနာတင်ကားများ ရောက်ရှိလာကာ ဒဏ်ရာရရှိ သူများအား တင်ဆောင်သွားကြောင်း စစ်ကောင်စီတပ်များက ရပ်ကွက် အတွင်း ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

#Mizzima

#ရွှေပြည်သာမြို့နယ်

#အုပ်ချုပ်ရေးမှူးရုံး

#လက်ပစ်ဗုံး

#Wolves

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly