သတ်မှတ်စံနှုန်းမမှီ၍ ဆောက်လုပ်မှုရပ်နားထားသော မူလတန်းကျောင်း မိုးရာသီမရောက်ခင်ပြန်ဆောက်ရန်လိုလား

သတ်မှတ်စံနှုန်းမမှီ၍ ဆောက်လုပ်မှုရပ်နားထားသော မူလတန်းကျောင်း မိုးရာသီမရောက်ခင်ပြန်ဆောက်ရန်လိုလား

ပုသိမ်၊ဇန်နဝါရီ ၂၉ ။         ။ ဧရာဝတီတိုင်းဒေသကြီးအစိုးရ၏ ၂၀၁၂-၁၃ ဘဏ္ဍာရေး ဘတ်ဂျက်ဖြင့် တည်ဆောက်ထားသည့် ရေကြည်မြို့နယ် ကွင်းချောင်း အခြေခံပညာ မူလတန်းကျောင်းဆောင် သစ်အား သတ်မှတ်စံနှုန်းမမှီ၍ တာဝန်ယူထားသည့် ကန်ထရိုက်ကို ပြန်လည်တည် ဆောက်ပေး ရန်တာဝန်ရှိသူတို့မှ ညွှန်ကြားထားသော်လည်း ယခုထက်တိုင်လာရောက်ခြင်းမရှိ၍ မိုးရာသီ မရောက်ခင် ပြန်တည်ဆောက် ပေးရန်လိုလားနေကြောင်း သိရသည်။

"အစိုးရဟာ လွှတ်တော်က ချမှတ်တဲ့ဆုံးဖြတ်ချက်တွေကိုအရေးယူဆောင်ရွက်မှုမရှိဘူးဆိုတာ ဒီတချက်နဲ့ပြနိုင်တယ်၊ ကတိကဝတ်တည် လား မတည်ဘူးလားဆိုတာ ကျောင်းတခုထဲက တနိုင်ငံလုံးမှာ ရှိတဲ့ အရည်အသွေးမမှီဆောက် လုပ်တဲ့ကိစ္စတွေ ကိုပြနိုင်တယ်" ဟု ရေကြည်မြို့နယ်တိုင်းကိုယ်စားလှယ်ဒေါက်တာလှမြတ်သွေး ကပြောသည်။

၂၀၁၂ခုနှစ်က တိုင်းဒေသကြီးလွှတ်တော်တွင် စံချိန်စံနှုန်းမမှီသည့်ကျောင်းများပြန်လည် တည်ဆောက်ပေးရန် အဆိုကိုဒေါက်တာလှမြတ်သွေးက တင်သွင်းခဲ့သည်။

အစိုးရက တင်ဒါစည်းမျဉ်းများ၊လေလံစည်းမျဉ်းများ ချမှတ်သည့် ဝန်ကြီးဌာနှင့် သက်ဆိုင်ရာဌာနများကို  ဖိဖိစီးစီးကိုင်တွယ်ပေးရ မည်ဟု၎င်းက ထောက်ပြပြောဆိုသည်။

"ကျောင်းမှာ အောက်ဖောင်ဒေးရှင်မပါဘူး၊လုပ်တာကိုင်တာတွေ အားနည်းချက်တွေရှိလို၊မြို့နယ်အုပ်ချုပ်ရေးမှူး ပညာရေးမှူး တင်ပြတော့ကြန်ကြာနေတယ်၊ကိုယ်စားလှယ်တွေတင်ပြတော့ နေပြည်တော် လာစစ်သူတွေက ကျောင်းခိုင်ခံမှုမရှိဘူး ဖျက်ပေးဖို့ပြောပြီး အသစ်ပြန်ဆောက်ခိုင်းတယ်"ဟုကွင်းချောင်းကျေးစွာနေ ကျောင်းအကျိုးတော်ဆောင်က မဇ္ဈိမသို့ပြောသည်။

ရေကြည်မြို့နယ်၊ကွင်းချောင်းကျေးရွာ အခြေခံမူလတန်းကျောင်းအား ၂၀၁၂-၁၃ ဘက်ဂျက်နှစ်တွင် ပညာရေးဝန်ကြီးဌာန ငွေလုံးငွေရင်း ရန်ပုံငွေမှ ဆောက်လုပ်ပေးခြင်းဖြစ်ပြီး၊ကျောင်းဆောင် ပေ ၁၂၀ ၊ ပေ၃၀ RC တစ်ထပ်ဖြစ်ပြီးLucky Myanmarမှ တာဝန်ယူဆောက် လုပ်ခဲ့ခြင်းဖြစ်သည်။

"ကန့်ကွက်နေတဲ့ကြားကတွန်းဆောက်ပြီးအပ်တယ်၊အသစ်ပြန်တည်ဆောက်ဖို့ ပြောလို့ဖျက်ပြီး ၂၀၁၅ခုနှစ် လာမလုပ်တော့ အခုအထိပဲ၊အခု ကျောင်းဆောင်မှ ကျည်းဘောင်တွေမှာ အဟောင်းတွေသုံးတယ်၊အုတ်တွေ အရည်ပျော်တာတွေသုံးတယ် အခု အထိပြန်လာ မဆောက်သေးဘူး"ဟုကွင်းချောင်း မူလတန်းကျောင်းကော်မတီဦးအေးမင်း ကပြောသည်။

ကျောင်း၏ လက်ရှိအနေအထားမှာ ဘေးအကာများမရှိခြင်း၊ရေတက်ခြင်း မိုးရာသီရောက်ပါက အမိုးယိုခြင်းများဖြစ်နေသည့်အတွက် ကလေးများစာသင်ကြားရန် အခက်အခဲရှိသည့်အတွက် အချိန်မှီပြန်ဆောက်စေလိုကြောင်း ကျောင်းအုပ်ဆရာကြီးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ် လှည်းထောက်ကုန်းကျေးရွာတွင်လည်း ကျောင်းဆောင်ဆောက်လုပ်မှုတွင် အရည်အသွေးမမှီ ၍ဒေသခံများမှ ကန့်ကွက်မှုများရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly