ဖားကန့် မြို့နယ်က စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေးနှင့် KIA ၊ PDF ၊ NUG ထောက်ခံပွဲ

ဖားကန့် မြို့နယ်က စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေးနှင့် KIA ၊ PDF ၊ NUG ထောက်ခံပွဲ

ဧပြီ ၁၉

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေး တပ် (PDF) နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) တို့ကို ထောက်ခံခြင်းနှင့် စစ်အာဏာရှင် စနစ် အမြစ်ဖြတ် ချေမှုန်းရေး ပြည်သူ ၃၀၀ ကျော် ယနေ့ ဧပြီလ ၁၉ ရက်တွင် သံပုံးတီးသပိတ် ပြုလုပ်ကာ ချီတက် ဆန္ဒပြ သပိတ်မှောက် ကြသည်။

ဆန္ဒပြ ပြည်သူများက “ KIA ၊ PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ” ၊ “တိုင်းရင်းသားတပ်တွေ တိုက်ပွဲတိုင်းမှာ နိုင်ပါစေ” ၊ “NUG အစိုးရ ဒို့အစိုးရ” ၊ “အကြမ်းဖက် စစ်တပ် လုံးဝ အုပ်ချုပ်ခွင့် မရစေရ” ၊ “ဖမ်းဆီးခံထားရသော နိုင်ငံခေါင်းဆောင်များနှင့် ရဟန်းရှင် ပြည်သူများ ချက်ချင်းလွှတ်”၊ “အင်တာနက်ဖြတ်တဲ့ မင်းအောင်လှိုင် အဖွဲ့ အသေဆိုးနဲ့ သေပါစေ’’၊ “စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး ဒို့အရေး” ၊ “ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး” ၊ “ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ဒို့အရေး” ၊ “နွေဦးတော်လှန်ရေး အရေးတော်ပုံ အောင်ကို အောင်ရမည်” ၊ “ဒို့ရဲဘော်တွေ ထောက်ပံ့နိုင်ဖို့ ငွေတိုက်စာချုပ် ဝယ်ကြစို့” ၊ “တော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံး ပါဝင်စို့” စသည့် ကြွေးကြော်သံများဖြင့် ချီတက် ကြသည်။

#MizzimaTv

#ဖားကန့်

#ချီတက်ဆန္ဒပြ

#KIA

#PDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly