ကလေး အသုံးအဆောင်ပစ္စည်းအရောင်း ပြပွဲ Kids Fair 2016 ကျင်းပ ပြုလုပ်

ကလေး အသုံးအဆောင်ပစ္စည်းအရောင်း ပြပွဲ Kids Fair 2016 ကျင်းပ ပြုလုပ်

ရန်ကုန် ၊ ဇန်နဝါရီ ၂၉ ။             ။ EMG Marketing Group မှ မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ကလေး အသုံးအဆောင် ပစ္စည်းများ အရောင်း ပြပွဲ Kids Fair 2016 ကို ဇန်နဝါရီ ၂၉ရက် မှ စတင်ကာ ၃၁ရက် အထိ ဒဂုံမြို့နယ်ရှိ တပ်မတော် ခန်းမတွင် ကျင်းပ ပြုလုပ် သွားမည် ဖြစ်သည်။

ထိုပြပွဲတွင် ကလေး များနှင့် သက်ဆိုင်သည့် အသုံးအဆောင်ပစ္စည်များ ၊ ပညာရေးကျောင်းများ ၊ သင်တန်းများ ၊ ဆေးဝါး အာဟာရ အစားအစာ ၊ အဝတ်အထည် ၊ အရုပ်ဆိုင် ၊ စာအုပ်ဆိုင်များ ကို ခင်းကျင်း ပြသ ထားလျက် ရှိသည်။

ဆိုင်ခန်းများ အပြင် ကလေးများ ပျော်ရွှင်စွာ ကစားနိုင်ရန် နေရာ နှင့် ပွဲကျင်းပသည့် ၃ ရက် လုံးတွင် ကလေး များ ဉာဏ်ရည် ဖွံ့ဖြိုးစေရန် ကစားပွဲများကိုလည်း ကျင်းပ ပြုလုပ် ပေးမည် ဖြစ်ပြီး မျက်လှည့် ပြသခြင်း နှင့် စိတ်ဝင်စားဖွယ် အစီအစဉ် များကိုလည်း ထည့်သွင်း ထားသည်။

ပြပွဲပြုလုပ်သည့်ရက်တွင် ကလေးများအတွက် အကပြိုင်ပွဲ၊ကာတွန်းဇာတ်ကောင် ပုံစံများအတိုင်းဝတ်ဆင်ပြီါ်ရိုက်ထားသည့် ဓာတ်ပုံပြိုင်ပွဲ၊ မြန်မာ့ရိုးရာ ကလေးကစားပွဲများကိုလည်း ထည့်သွင်းကျင်းပ သွားမည်ဖြစ်သည်။

Kids Fair 2016 အရောင်းပွဲတော်ကြီးကို Sponsor များ အနေဖြင့် Diamond Sponsor အဖြစ် Dumex မှ လည်းကောင်း ၊ Platinum Sponsor အဖြစ် Dutchmill မှ လည်းကောင်း ၊ Real M နှင့် Kodomo တို့မှ Co-Sponsorship အဖြစ် ပူးပေါင်း ပါဝင် ထားကြသည်။

ကလေး အသုံးအဆောင် ပစ္စည်းများ အရောင်း ပြပွဲကြီး Kids Fair 2016 ကို ကျင်းပ ပြုလုပ်သည့် EMG Marketing Group သည် Rebranding ၊Brand Launching ၊Press Conference ၊ Promotional Events ပွဲများကို ကျင်းပ ပြုလုပ် ပေးနေသည့် ကုမ္ပဏီ တစ်ခု ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly