မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် များကို စိစစ်ရေးကတ်ပြားများ ထုတ်ပေး

မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် များကို စိစစ်ရေးကတ်ပြားများ ထုတ်ပေး

ဧပြီလ ၁၆ ရက်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိ ခရိုင်အချို့တွင် မြန်မာနိုင်ငံမှ စစ်ဘေးရှောင်လာ သူများအား အထောက်အထား သက်သေခံ ကတ်များ စတင်ထုတ်ဝေပေးနေပြီ ဖြစ်ကြောင်း ဒေသတွင်းသတင်းစာဖြစ်သည့် The Aizawl Post တွင် ဧပြီလ ၁၃ရက် နေ့တွင် ရေးသေားဖော်ပြသည်။

အိန္ဒိယ -မြန်မာ နယ်စပ်ကုန်သွယ်ရေး အမှတ် (၂) လမ်းပေါ်တွင်ရှိသော ကျန်ဖိုင်းခရိုင် တွင်ရှိသော မြန်မာစစ်ဘေးရှောင် ဦးရေ ၈၇၄၇ ရှိသည့်အနက် ၈၅၈၈ဦးကို အထောက်ထား သက်သေခံကတ်များအား ထုတ်ပေးပြီးဖြစ်ကြောင်း ဆိုသည်။

ကျန်ဖိုင်းခရိုင်းအတွင် Relife Camp ၃၃ ခုရှိပြီး အဆိုပါစခန်းများတွင် ၂၄၃၄ဦးနေထိုင်ပြီး အခြား နေရာများတွင်နေထိုင်သူ ၆၃၁၃ ဦးနေထိုင်ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်၏ မြို့တော် အိုက်ဇောလ်မြို့နယ် တွင်လည်း ဧပြီလ ၁၃ရက်နေ့က Relife Camp များဖြစ်သော Sihphir, Luangmual, Tuirial, Sihhmui, Sairang စခန်း များတွင် လူဦးရေ ၃၀၀ ကျော်ကို စိစစ်ရေးကတ်များထုတ်ပေးထားပြီး အခြားရပ်ကွက်နေထိုင်သူ စိစစ်ဆဲ ဦးရေ ၂၀၀၀ခန့်ရှိပြီး မြို့နယ်တစ်ခုလုံးတွင် ဦးရေ ၅၀၀၀ ခန့်ရှိမည်ဟု Deputy Commissioner မှ တာဝန်ရှိသူများမှ ခန့်မှန်းထားကြောင်း NGO For Myanmar တာဝန်ရှိသူတစ်ဦးက ပြောသည်။

လုံလေမြို့တွင်လည်း Relife Camp အပါအဝင် ရပ်ကွက်အတွင်းနေထိုင်သူများအား လာမည့်အပတ်တွင် နောက်ဆုံးထား၍ စစ်ဘေးရှောင်များ၏ ကိုယ်ရေးအချက်အလက် များအား ဖြည့်သွင်းလျက် Deputy Commissioner သို့ တင်သွင်းသွားမည်ဖြစ်ကြောင်း Myanmar Refugees Committee (Lung Lei) ဦးဆောင်သူတစ်ဦးထံက သိရသည်။

မဇ္စျိမမှ ဆိုင်ဟားနှင့် လောင်တလိုင် ခရိုင်များသို့ ဆက်သွယ်ခဲ့သော်လည်း စိစစ်ရေး ကတ်များ ထုတ်ပေးမှုအခြေနေအား မသိရှိရသေးပေ။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသား ဦးရေ ၄၀,၀၀၀ (လေးသောင်း) ခန့် အိန္ဒိယနိုင်ငံတွင် ခိုလှုံလျက်ရှိကြောင်း အစိုးရ တာဝန်ရှိသူမှ ခန့်မှန်းပြောဆိုထားသည်။

ပုံစံ - မီဇိုရမ်အတွင်းရှိ ဒုက္ခသည်စခန်းတစ်ခု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly