ပြည်သူ့လွှတ်တော်ဥက္ကဌဖြစ်လာမည့် ဦးဝင်းမြင့်အနေဖြင့် အစိုးရသစ်ကို အကောင်းဆုံးထိန်းကျောင်းနိုင်မည်ဟုမျှော်လင့်

ပြည်သူ့လွှတ်တော်ဥက္ကဌဖြစ်လာမည့် ဦးဝင်းမြင့်အနေဖြင့် အစိုးရသစ်ကို အကောင်းဆုံးထိန်းကျောင်းနိုင်မည်ဟုမျှော်လင့်

ပုသိမ်၊ဇန်နဝါရီ ၂၈ ။            ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တာ်ဥက္ကဌအဖြစ် တာဝန်ပေးအပ်ရန်ဆုံးဖြတ်လိုက်သည့် ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်အနေဖြင့် အစိုးရသစ်ကို အကောင်းဆုံးထိန်းကျောင်းနိုင်မည်ဟုမျှော်လင့်ကြောင်း အရပ်ဖက်လူ့အဖွဲ့အစည်းများက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မူအရပြောင်းလဲရမည်ဆိုသည့်အတိုင်းပြောင်းလဲရန်လိုအပ်ကြောင်း၊ ဦးဝင်းမြင့်သည် ဥပဒေသမားဖြစ်သည့်အတွက် အကောင်းဆုံးထိန်းကျောင်းနိုင်လိမ့်မည်ဟု   မျှော်လင့်ကြောင်း ပုသိမ်မြို့၈၈မျိုးဆက် ကိုစိုးလှိုင်ဦးက ဆိုသည်။

" အချိန်ဆုံးဖြတ်ချက်တွေ အားကောင်းဖို့လိုလာပြီး၊ကြားဖြတ်လို အားနည်းမယ်ဆိုရင်တော့ အဆင်နိုင်ပြေဘူး"၎င်းကပြောသည်။

ပြီးခဲ့သည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ပုသိမ်မြို့နယ်မှ အနိုင်ရရှိကာ လွတ်တော်သို့ရောက်ရှိခဲ့ပြီးနောက် ပြည်သူများလိုအပ်သည့် ဥပဒေများကို တင်ပြနိုင်ခဲ့ကြောင်း၊ ယခင်က မလုပ်နိုင်ခဲ့သည့် ဥပဒေများကို   ယခုလွှတ်တော်တွင်လုပ်နိုင်မည်ဖြစ်ကြောင်း ပုသိမ်မြို့မှ တရားလွှတ်တော်ရှေနေ့ ဦးကျော်ဟိုးမှ မဇ္ဈိမသို့ပြောသည်။

"ဥပဒေသမားက ဥပဒေပြုရေးကိုမောင်းနှင်နိုင်မှာပါ၊ပြည်သူနဲ့ထိတွေဖို့ အားကောင်းဖို့တော့လိုတယ်၊"ဟု ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ပုသိမ်အောင်နိုင်ရေးအဖွဲ့ဝင်ဖြစ်သူ ဦးသက်နိုင်မျိုးပြောသည်။

"ပြည်သူအတွက် သူပေးဆပ်ခဲ့တယ်အရင်ကရော အခုထပ်ပြီး အလုပ်အကျွေးပြုရမယ်အချိန်ပါ ၊မြို့နယ်တခုအတွက် စာရင် တစ်နိုင်ငံလုံးလွမ်းခြုံမယ် ဥပဒေတွေပြဌာန်းဖို့လိုတယ်  ၊ ပြည်သူအကျိုးလုပ်နိုင်မယ်လို မျှော်လင့်ထားတယ်"ဟု ပုသိမ်မြို့နေ ဦးစိုးမြင့်မောင်မှ မဇ္ဈိမသို့ပြောသည်။

ယခင်ပြည်သူ့လွှတ်တော်တွင် သုံးနှစ်တာဝန်ထမ်းဆောင်ခဲ့ပြီး လယ်ယာမြေပြဿနာများကို ထဲထဲဝင်ဝင်လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ပြည်သူများ၏ ဘဝလုံခြုံရေးငြိမ်းချမ်းရေးနှင့် တရားဥပဒေအတွက် အစိုးရကို အကောင်းဆုံးထိန်းကျောင်းနိုင်လိမ့်မည်ဟု မြင်မိကြောင်း ရေကြည်မြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ်ဒေါက်တာလှမြတ်သွေးက ပြောသည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရပြီးပြည်သူလွှတ်တော်တွင် တရားဥပဒေစိုးမိုးရေးကော်မတီရေးမှူးဖြစ်တာဝန်ယူခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်ဖြစ်သည်။၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တာမွေမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly