ဘုတ်ပြင်းမြို့နယ်တွင် သင်္ကြန်အကျနေ့ ရေကစားသူနည်းပါး

ဘုတ်ပြင်းမြို့နယ်တွင် သင်္ကြန်အကျနေ့ ရေကစားသူနည်းပါး

ကိုရွှေမြိတ်

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ဧပြီလ ၁၄ ရက်နေ့ သင်္ကြန် အကျနေ့တွင် ရေကစားသူမရှိသလောက် နည်းပါးနေကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်တွင် သင်္ကြန် ပြုလုပ်သည့်နှစ်များတွင် အစိုးရမဏ္ဍပ်တစ်ခု ပြုလုပ်လေ့ရှိသော်လည်း ယခုနှစ် စစ်ကောင်စီက မဏ္ဍပ်တည်ဆောက်ခြင်း မရှိကြောင်း ဒေသခံထံမှသိရသည်။

ယနေ့သင်္ကြန်အကျနေ့တွင် တနင်္သာရီတိုင်းအတွင်းရှိ အသံတိတ်သပိတ်ပြုလုပ်သည့် မြို့နယ်တွင် ဘုတ်ပြင်းမြို့နယ်ပါဝင်ကြောင်း၊ ကလေးငယ်တချို့ကသာ အနည်းငယ်ရေကစားသည်ကိုတွေ့ရကြောင်း ဒေသခံထံမှ သိရသည်။

#တနင်္သာရီတိုင်း

#ဘုတ်ပြင်းမြို့နယ်

#သင်္ကြန်အကျနေ့

#ရေးကစားသူနည်းပါး

#အသံတိတ်သပိတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly