ပြည်ကြီးမဏ္ဍိုင်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ အချင်းချင်း ပစ်ခတ်မှုဖြစ် ၊ ဒုတပ်ရင်းမှူး ဝမ်းဗိုက်ကျည် ထိမှန်

By ကိုရွှေမြိတ်
13 April 2022
ပြည်ကြီးမဏ္ဍိုင်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ အချင်းချင်း ပစ်ခတ်မှုဖြစ် ၊ ဒုတပ်ရင်းမှူး ဝမ်းဗိုက်ကျည် ထိမှန်

ဧပြီ ၁၃

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ယမန်နေ့ ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်ချင်း ပစ်ခတ်မှုကြောင့် ဒုတပ်ရင်းမှူး၏ဝမ်းဗိုက် ကျည်ထိမှန်သွားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါပစ်ခတ်မှုသည် ပြည်ကြီးမဏ္ဍိုင်မြို့ ရတနာပုံဒေသ ကိုးမိုင်အနီးတွင် ဧပြီလ ၁၂ ရက်နေ့ ည ၁၂ နာရီခန့် အချိန်က ဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြည်ကြီးမဏ္ဍိုင် ဒေသခံတစ်ဦးက "စစ်တပ်က အဲ့ဒီမှာ တစ်ဖက်ထိုင်းနိုင်ငံကို တရားမဝင်ထွက်မယ့် လူတွေဆီက ဂိတ်ဖြတ်ကြေး တစ်ဦးကို ထိုင်းဘတ်ငွေ ၈၀၀ ကောက်တာပါ ။ ရရှိတဲ့ငွေတွေကို ဝေစုမတည့်လို့ အချင်းချင်းပစ်ခတ်ခဲ့တာ ဖြစ်တယ်"ဟု ပြောသည်။

စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ‌ထိုင်းနိုင်ငံသို့ သွားရောက်သူများထံမှ ဂိတ်ဖြတ်ခ လူတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၈၀၀ ပေးဆောင်နေရပြီး ရရှိငွေကို ခွဲဝေမပေးသည့်အတွက် မကျေမနပ်ဖြစ်ကာ ပစ်ခတ်မှု ဖြစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

#Mizzima

#တနင်္သာရီတိုင်း

#ကော့သောင်းခရိုင်

#ဘုတ်ပြင်းမြို့နယ်

#ပြည်ကြီးမဏ္ဍိုင်မြို့

#ပစ်ခတ်မှုဖြစ်ပွါး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required