သွေးညှီနံ့ ပြည့်နေသည့် စစ်ခွေးပျော်တဲ့သင်္ကြန်ကို ဒို့မဆင်နွှဲ” အတာအိုး ကမ်ပိန်းပြုလုပ်

သွေးညှီနံ့ ပြည့်နေသည့် စစ်ခွေးပျော်တဲ့သင်္ကြန်ကို ဒို့မဆင်နွှဲ” အတာအိုး ကမ်ပိန်းပြုလုပ်

ဧပြီ ၁၃

တောထဲ ရှိ ရဲဘော်များ၊ CDM များ၊ ထောင်တွင်းရဲဘော်များနှင့် စစ်ဘေးရှောင်များ အောင်ပွဲ ဆင်နိုင်မှသာ ပြည်သူများက သင်္ကြန်ပွဲတော်ကို ဆင်နွှဲသွားမည်ဖြစ်ပြီး “သွေးညှီနံ့ ပြည့်နေသည့် စစ်ခွေးပျော်တဲ့သင်္ကြန်ကို ဒို့မဆင်နွှဲ” အတာအိုးကမ်းပိန်းကို ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့နံနက်ပိုင်းတွင် စမ်းချောင်း ပင်မသပိတ် စစ်ကြောင်း SCလူငယ်များနှင့် အလုပ်သမားတပ်ပေါင်းစု LA လူငယ်များက ကမ်ပိန်း ပြုလုပ်ကာ လှုံ့ဆော်တိုက်တွန်းခဲ့သည်။

“ယနေ့သည် နှစ်သစ်ကူး သင်္ကြန် အကြိုနေ့ဖြစ်ပြီး ဖက်ဆစ်စစ်တပ်အောက်တွင် ပြည်သူအများ ဖိနှိပ်မှု မတရားမူများ နေ့စဉ်နှင့်အမျှ ခံစားနေရသည်။ စစ်အာဏာရှင် မကျဆုံးသေးသ၍ မည့်သည့်ပွဲတော်မျှသည် ပြည်သူကို အခြေမပြု ကိုယ်စားမပြုပါ” ဟု စမ်းချောင်းပင်ပသပိတ် စစ်ကြောင်းSCလူငယ်များနှင့် အလုပ်သမားတပ်ပေါင်းစု LA လူငယ်များကဆိုထားသည်။

#Mizzima

#သင်္ကြန်အကြိုနေ့

#တော်လှန်သင်္ကြန်

#သွေးညှီနံ့ပြည့်နေသည့်စစ်ခွေးပျော်တဲ့သင်္ကြန်ကိုဒို့မဆင်နွှဲ

#ကမ်ပိန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly