ပခုက္ကူမြို့တွင် စစ်ကောင်စီတပ်က ပြည်သူ ၅ ဦးကို ဖမ်းဆီး

ပခုက္ကူမြို့တွင် စစ်ကောင်စီတပ်က ပြည်သူ ၅ ဦးကို ဖမ်းဆီး

ဧပြီ ၁၂

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ အမှတ် (၁၁) ရပ်ကွက်၊ (၁၈)လမ်းရှိ နေအိမ်တစ်အိမ်တွင် လာရောက် တည်းခိုနေသည့် အမျိုးသားငါးဦးကို စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်အဖွဲ့များက လာရောက် ဖမ်းဆီးသွားကြောင်း သိရသည်။

ဖမ်းဆီးခြင်းခံရသူ အမျိုးသားငါးဦးကို ဆန္ဒပြမှုများတွင်ပါဝင်သည်ဟုစွပ်စွဲကာ ယနေ့ ဧပြီလ ၁၂ ရက် နံနက် ၈ နာရီခန့်တွင် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

“ မြိုင်ဘက်ကလည်း အခြေအနေမငြိမ်တော့ ပခုက္ကူကို ခဏစစ်ရှောင်နေကြတာဖြစ်မယ်။ ပြောရမယ် ဆိုရင် ဘာပြစ်မှုမှမရှိဘဲ သက်သက်ကိုဖမ်းသွားတာ။ ဆန္ဒပြလို့ဖမ်းတာဆို ပြည်သူတွေ အကုန်အဖမ်းခံ နေရလောက်ပြီ။ သူတို့ပုဒ်မတပ်ရအောင် အကြောင်းရှာတာပါ” ဟု ပခုက္ကူမြို့နေ ပြည်သူတစ်ဦးက ပြော သည်။

အဖမ်းခံရသူများသည် ကိုဟန်ဖြိုးအောင်၊ ကိုဆန်းအောင်၊ ကိုမျိုးမြင့်ဦး၊ ကိုလှိုင်မိုးဇင်၊ ကိုဝင်းသိန်းတို့ဖြစ် ပြီး ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဗဟင်းကျေးရွာနေပြည်သူများဖြစ်ကြောင်း ဆိုသည်။

အဆိုပါပြည်သူငါးဦးကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသေးဘဲ ပခုက္ကူမြို့၌ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးမှုများဆက်တိုက်ပြုလုပ်နေကြာင်း ၎င်းကပြော ကြားသည်။

#Mizzima

#ပခုက္ကူ

#ဖမ်းဆီးစစ်ဆေးမှုများ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly