KNLA ဆေးမှူး စောအောင်ထူးကို စစ်ကောင်စီတပ်က ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်

KNLA ဆေးမှူး စောအောင်ထူးကို စစ်ကောင်စီတပ်က ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်

ဧပြီ ၁၁

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်မဟာ(၆)တွင် ဆေးမှူးအဖြစ်တာဝန်ထမ်း ဆောင်ခဲ့သော ဆေးမှူးစောအောင်ထူးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် ညှဉ်းပန်းနှိပ်စက်သတ် ဖြတ်လိုက်ကြောင်း Free Burma Rangers အဖွဲ့က ယနေ့ ဧပြီလ ၁၁ ရက်တွင် သတင်းထုတ်ပြန်ထား သည်။

ဆေးမှူးစောအောင်ထူးသည် မတ်လ ၂၄ ရက်နေ့တွင် စစ်ကောင်စီတပ်၏ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံလိုက်ရ ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့က KNLA တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာခရိုင်းအတွင်း လမ်းလျှောက်သွား လာနေသောစောအောင်ထူးနှင့်အဖွဲ့ကို စစ်ကောင်စီတပ်ကစတင်ပစ်ခတ်ပြီးနောက် စောအောင်ထူးသည် ကျည်ထိမှန်ပြီး ဒဏ်ရာရကာ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

အဆိုပါ အာဏာသိမ်းစစ်ကောင်စီတပ်သားများကို စောအောင်ထူးနှင့်အဖွဲ့က ခုခံပစ်ခတ်ခဲ့ရာ စစ်ကောင်စီ တပ်သားနှစ်ဦးသေဆုံးခဲ့ပြီး ၎င်းကို အရှင်ဖမ်းမိသွားခြင်းဖြစ်ကြောင်း Free Burma Rangers အဖွဲ့က ထုတ်ပြန်ထားသည်။

မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် တပ်ဖွဲ့ဝင်များက ဆေးမှူးစောအောင်ထူး၏ ရုပ်အလောင်းကို ကောက် ယူရန်သွားရောက်ခဲ့ရာ ၎င်း၏ ရုပ်အလောင်းတွင် ပြင်းပြင်းထန်ထန် ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးနေ သည့် ဒဏ်ရာများစွာ တွေ့ခဲ့ရကြောင်း Free Burma Rangers အဖွဲ့က ဆိုသည်။

“သူ့ခန္ဓာကိုယ်မှာ တော်တော်ဆိုးပြီး ပြင်းပြင်းထန်ထန်နှိပ်စက်ထားတဲ့ လက္ခဏာတွပြနေတယ်။ မသေခင် မှာ ဆိုးဆိုးရွားရွားနှိပ်စက်ခံခဲ့ရတယ်။ လက်နှင့်ခြေသလုံး၏ အစိတ်အပိုင်းအားလုံးနီးပါးကျိုးနေပြီး အူတွေ ထွက်ကျကာ ဦးခေါင်းအရေပြား တစ်စိတ်တစ်ပိုင်းပြတ်တောက်နေတယ်” ဟု Free Burma Rangers အဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အာဏာသိမ်း စစ်ကောင်စီတပ်၏ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုခံလိုက်ရသော ဆေးမှူးစောအောင်ထူး သည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က Free Burma Rangers (FBR) လေ့ကျင့်ရေးသင်တန်းတက်ရောက်ခဲ့ပြီး FBR မစ်ရှင်အဖွဲ့တွင် လုံခြုံရေးနှင့် ဆေးမှူးအဖြစ် အဓိက တာဝန်ယူဆောင်ရွက်ခဲ့သည်။

ယင်းနောက် စောအောင်ထူးသည် KNLA တပ်မဟာ (၆)၊ တပ်ရင်း (၁၇) တွင် ဆေးမှူးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူဖြစ်ပြီး ၎င်းတွင် ခြောက်နှစ်အရွယ်သမီးနှင့် သုံးနှစ်အရွယ်သားတစ်ယောက် ကျန်ခဲ့ကြောင်း သိရသည်။

Photo - FBR Facebook

#Mizzima

# Free Burma Rangers

#ဆေးမှူးစောအောင်ထူး

#ညှဉ်းပန်းနှိပ်စက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required