ထားဝယ်မြို့က ကလေးသင်္ကြန် ရေကစားသူမရှိ

By ကိုရွှေမြိတ်
11 April 2022
ထားဝယ်မြို့က ကလေးသင်္ကြန် ရေကစားသူမရှိ

ထားဝယ်၊ ဧပြီလ၊ ၁၁

တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် နှစ်စဉ် သင်္ကြန် မတိုင်မီ ကျင်းပလေ့ရှိသည့် ကလေးသင်္ကြန်မှာ ရေကစားသူမရှိကြောင်း မြို့ခံများထံမှ သိရ သည်။

အဆိုပါ ကလေးသင်္ကြန်သည် ထားဝယ်ဒေသ၏ အစဉ်အလာတစ်ခုအနေဖြင့် နှစ်စဉ် သင်္ကြန်မတိုင်မီနှစ်ရက်လိုတွင် ကျင်းပခြင်း ဖြစ်သည်ဟု ထားဝယ် ဒေသခံ တစ်ဦးက ပြော သည်။

လောင်းလုံးမြို့ခံ ဒေသခံ တစ်ဦးက“ဒီနှစ်က ကလေးသင်္ကြန်ဆိုပြီး ရေကစားတာ မတွေ့ရဘူး ပုံမှန်ဆိုရင် ဒီရက်တွေမှာ ကလေးတွေ ရေကစားနေပြီး ဖြစ်တယ်”ဟု ပြော သည်။

ကလေးသင်္ကြန်သည် ထားဝယ်ခရိုင် အတွင်း ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း ရေဖြူနယ်တို့တွင်ကျင်းပလေ့ ရှိကြောင်း မြို့ခံများထံမှ သိရသည်။

"ဒီနေ့ တစ်မြို့လုံး ဘယ်နေရာမှာမှ ရေပက်နေတာ မတွေ့ရဘူး ။ အရင်က ဆိုရင် ကလေးတွေ တစ်မြို့လုံး အနှံ့ ရေပက် နေကြပြီလေ ကလေးတွေက အစ တော်လှန် သင်္ကြန်မှာ ပါဝင်တာ အားရ စရာပါပဲ"လို့ ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။

ထားဝယ်ခရိုင် အတွင်းရှိ တော်လှန်ရေး အင်အားစုများက စစ်ကောင်စီ ကျင်းပသည့် သင်္ကြန်ပွဲတော်တွင် ပါဝင် ဆင်နွှဲခြင်း မပြုကြရန်နှင့် မဏ္ဍပ်များ ရှိသည့် နေရာ အနီးကို မသွားကြဖို့ တိုက်တွန်း နှိုးဆော် ထားသည်။

#တနင်္သာရီတိုင်း

#ထားဝယ်မြို့

#ကလေးသင်္ကြန်

#ရေကစားခြင်းမရှိ

#တောင်လှန်ရေးအင်အားစု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly