ကလေးမြို့၊ နတ်ချောင်း ကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်သားများ ထပ်မံ မီးရှို့

ကလေးမြို့၊ နတ်ချောင်း ကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်သားများ ထပ်မံ မီးရှို့

ဧပြီ ၁၁

စစ်ကိုင်းတိုင်း ကလေးမြို့ တောက်ဘက် ၁၅မိုင်ခန့်အကွာရှိ နတ်ချောင်း ကျေးရွာမှ ပြည်သူပိုင်နေအိမ် များကို စစ်ကောင်စီတပ်သားများက ဧပြီ ၁၁ ရက်နေ့ နံနက် ၈ နာရီမှစတင်ကာ ထပ်မံမီးရှို့ခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

" ကျွန်တော်တို့ နတ်ချောင်းရွာကို ဧပြီ ၁၀ ရက်နေ့ ညနေ ၅ နာရီလောက်က တစ်ကြိမ်မီးရှို့တယ် ။ နေအိမ် ခုနစ်လုံးလောက်ပါသွားတယ်။ ဒီနေ့ မနက် ၈ နာရီလောက်မှာလည်း စစ်ကောင်စီက မီးထပ်ရှို့တယ်။ အခုအချိန်ထိ မီး လောင်နေတုံးပဲ။ နတ်ချောင်း ကျေးရွာရဲ့ ကောင်းကင်က မီးခိုလုံးတွေ နဲ့ မည်းမှောင်နေပါတယ်။ အခုက စစ်ကား ၃၉ စီးနဲ့ ရွာကိုဖျက်ဆီးနေတာ” ဟု နတ်ချောင်း ဒေသခံ တစ်ဦး ကပြောသည်။

စစ်ကောင်စီတပ်များသည် နတ်ချောင်း ကျေးရွာ ၏ မြောက်ဘက် တာရာကုန်း နှင့် တောင်ဘက် ရန်ကြီးအောင် တို့တွင် တပ်စွဲထား၍ စစ်ဘေးရှောင်နေရသည်မှာ သုံးလခန့် ရှိနေပြီ ဖြစ်ကြောင်း နတ်ချောင်းဒေသခံတစ်ဦးထံက သိရသည်။

နတ်ချောင်း ကျေးရွာရှိ ဒေသခံ ပြည်သူများသည် တောတောင်များအတွင်း စစ်ဘေးရှောင် နေရသည်မှာ သုံးလခန့်ရှိနေပြီဖြစ်၍ စားဝတ်နေရေးအခက်အခဲ နှင့် ဆေးဝါးလုံလောက်မှုမရှိသည့် အခက်အခဲများရှိနေကြောင်းသိရသည်။

#Mizzima

#ကလေးမြို့

#နတ်ချောင်းကျေးရွာ

#စစ်ကောင်စီတပ်များ

#ထပ်မံမီးရှို့

#စစ်ဘေးရှောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly