ယင်းမာပင်မြို့နယ် ဘန့်ဘွေးအုပ်စု ရေသောက်ကန်တောပြင်ရှိ နေအိမ်များကို စစ်ကောင်စီတပ် မီးရှို့နေ

ယင်းမာပင်မြို့နယ် ဘန့်ဘွေးအုပ်စု ရေသောက်ကန်တောပြင်ရှိ နေအိမ်များကို စစ်ကောင်စီတပ် မီးရှို့နေ

ဧပြီလ ၁၁ ရက် ၊ ၂၀၂၂ ခုနှစ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာအုပ်စု ရေသောက်ကန်တောပြင်ရှိ ပြည်သူများ၏နေအိမ်များ ကို စစ်ကောင်စီတပ်သားများက ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် စတင်မီးရှို့နေကြောင်း ဒေသခံပြည်သူတစ်ဦး ကဆိုပါသည်။

“ ဘန့်ဘွေးကနေဆင်းလာတဲ့ စခ(စစ်ကောင်စီ)တွေ သူတို့သွားတဲ့ လမ်းတစ်လျှောက်ကို လက်နှက်ကြီးတွေနဲ့ ရမ်း ပစ်ပြီး စစ်ကြောင်းထိုးလာကြတယ်။ ရေသောက်ကန်တောပြင်ကို မနက် ၈ နာရီ ၄၅ မိနစ်လောက် ရောက်တယ်။ ၉ နာရီခွဲလောက်ရောက်တော့ ရေသောက်ကန်တောပြင်မှာရှိတဲ့ နေအိမ်တွေကို အကြောင်းမဲ့မီးတင်ရှို့တော့တာပဲ။ အခုအချိန်ထိ မီးက အားကောင်းနေတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကဆိုသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများ စုပေါင်းအဖွဲ့သည် ဘန့်ဘွေးအုပ်စုအတွင်းရှိ ကျေးရွာများကိုမကြာခဏ မီးရှို့ ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိကြောင်းလည်း ၎င်းကဆိုသည်။

#Mizzima

#ယင်းမာပင်မြို့နယ်

#ဘန့်ဘွေးအုပ်စု

#မီးရှို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required