ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဖေဖော်ဝါရီ ၈ ရက်နေ့စမည်

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဖေဖော်ဝါရီ ၈ ရက်နေ့စမည်

ပုသိမ်၊ဇန်နဝါရီ ၂၇ ။               ။ ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယအကြိမ် လွှတ်တော်ပုံမှန် အစည်းအဝေးအား ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး အနိုင်ရအမတ်များကို လွှတ်တော်တက်ရန် အကြောင်းကြားစာများ ပေးပို့ထားကြောင်းသိရသည်။

" ဇန်နဝါရီလ ၁၈ရက်နေ့ ရက်စွဲနဲ့အကြောင်းကြားထားတယ်၊ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ တိုင်းလွှတ်တော်ကို သတင်းပို့ရမယ်"ဟု ငပုတောမြို့မှ ရွေးချယ်ခံရသည့် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးဖိုဇော်ရွှေ က မဇ္ဈိမသို့ပြောသည်။

တိုင်းလွှတ်တော်ကိုယ်စားလှယ်များမှ လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်တင်မြောက်ရပြီး၊တိုင်းဝန်ကြီချုပ်အား နိုင်ငံတော်သမ္မတမှ ခန့်အပ်ရမည်ဖြစ်ကြောင်း ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြဌာန်းထားသည်။

ပထမအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်တာဝန်ယူဆောင်ရွက်ခဲ့ပြီး၊ ပထမ လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်ဖြစ်ပြီး ၂၀၁၃ခုနှစ်တွင် သာသနာ့ရေးဝန်ကြီး အဖြစ်ပြောင်းရွှေ တာဝန်ယူရပြီး၊ တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးတင်စိုးမှ တိုင်းလွှတ်တော်ဥက္ကဋ္ဌအဖြစ် လွှတ်တော်တွင်ရွေးချယ်ခြင်းခံရသည်။

ပထမအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးအား ၁၄ကြိမ်မြောက်အထိကျင်းပခဲ့ပြီး၊နောက်ဆုံးအကြိမ် ပုံမှန်အစည်းအဝေးအား ဇန်နဝါရီလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly