မန္တလေးမြို့မှ ရထားလမ်းပိုင်း ၂ ခုကို ၂ ရက်တာအသုံးမပြုကြရန် မန္တလေးမြို့ပြ ပြောက်ကျားမဟာမိတ် တပ်ပေါင်းစု မေတ္တာရပ်ခံ

မန္တလေးမြို့မှ ရထားလမ်းပိုင်း ၂ ခုကို ၂ ရက်တာအသုံးမပြုကြရန် မန္တလေးမြို့ပြ ပြောက်ကျားမဟာမိတ် တပ်ပေါင်းစု မေတ္တာရပ်ခံ

ဧပြီ ၇

မန္တလေးမြို့မှ ရထားလမ်းပိုင်းနှစ်ခုကို ဧပြီ ၉ ရက်နေ့မှစ၍ နှစ်ရက်တာအသုံးမပြုကြရန်၊ မန္တလေးမြို့ပြ ပျောက်ကျားမဟာမိတ်တပ်ပေါင်းစုက ယနေ့သတင်းထုတ်ပြန် မေတ္တာရပ်ခံထားသည်။

မတ်လ ၂၅ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့သည့် မန္တလေးမြို့ပတ်ရထားလမ်းပိုင်းနှင့် မန္တလေး-မြစ်ငယ် ရထားလမ်းပိုင်းနှစ်ခုကို ဧပြီလ ၉ ရက်နှင့် ၁၀ ရက်တို့တွင် မဟာမိတ်တပ်ပေါင်းစုကပိတ်ထားပြီး စစ်ကောင်စီ၏ ထောက်/ပို့ရထားများအား တားဆီးသွားမည်ဖြစ်သောကြောင့် ပြည်သူများအသုံးမပြုကြ ရန် သတိပေးခြင်းဖြစ်ကြောင်း သိရသည်။

သတင်းထုတ်ပြန်ချက်၌ ပြည်သူများအနေဖြင့် ထိုနှစ်ရက်အတွင်း ရထားလမ်းပေါ်တက်နေခြင်း မပြုလုပ် ကြရန်နှင့်၊ ရထားလာနေချိန်တွင် အဝေးမှရှောင်ရှားသွားကြရန် မေတ္တာရပ်ခံကြောင်းဖော်ပြထားပြီး "ပြည်သူတွေအနေနဲ့ ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပါဝင်ကူညီပေးကြပါ" ဟုလည်း မန္တလေးမြို့ပြ ပြောက်ကျား မဟာမိတ်တပ်ပေါင်းစုတာဝန်ရှိသူကဆိုသည်။

မဟာမိတ်တပ်ပေါင်းစုသည် ယမန်နေ့ ဧပြီ ၆ ရက်ညကလည်း စစ်ကောင်စီလက်နက်ကိုင်လုံခြုံရေး အင်အားအပြည့်ရှိသည့် မန္တလေးဘူတာကြီးအတွင်းဝင်ရောက်ပြီး စစ်ကောင်စီ၏ထောက်/ပို့ရထား တစ်စင်း ကို ဗုံးခွဲတိုက် ခိုက်ရာ ရထားတွဲဆိုင်းတစ်ခုပျက်စီးခဲ့ကြောင်းသိရသည်။

#Mizzima

#မန္တလေးမြို့ပြပြောက်ကျားမဟာမိတ်

#ရထားလမ်းပိုင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required