ရခိုင်ပြည်သူလူထုအနေဖြင့် ယခုထက်ပိုပြီး နိုင်ငံရေးသတိ၊ စစ်ရေးသတိရှိကြရန် ရက္ခိုင့်တပ်တော် သတိပေး

ရခိုင်ပြည်သူလူထုအနေဖြင့် ယခုထက်ပိုပြီး နိုင်ငံရေးသတိ၊ စစ်ရေးသတိရှိကြရန် ရက္ခိုင့်တပ်တော် သတိပေး

ဧပြီ ၅

စစ်ကောင်စီသည် ရခိုင်ပြည်နယ်တွင် မတူညီသည့် လူမျိုးဘာသာများအကြား ပြဿနာများကို ဖန်းတီး လုပ်ဆောင်နေသည့်အတွက် ရခိုင်ပြည်သူလူထုအနေဖြင့် ယခုထက်ပိုပြီး နိုင်ငံရေးသတိ၊ စစ်ရေးသတိ ရှိကြရန် ယနေ့ ဧပြီ ၅ ရက်နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA က သတိပေးပြောဆိုလိုက်သည်။

ယခုကဲ့သို့ စစ်ကောင်စီမှလုပ်ဆောင်နေခြင်းမှာ ရခိုင်ပြည်နယ်၏ တည်ငြိမ်းအေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုး တက်မှုကိုခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောကြားသည်။

“မတူညီတဲ့လူမျိုးဘာသာတွေကြား ပြဿနာတွေဖန်တီးပြုလုပ်နေတာတွေ နည်းမျိုးစုံနဲ့ ရှင်းလင်းစွာ ပြသနေပါတယ်။ ဒါတွေဟာ အာရက္ခပြည်တည်ငြိမ်းအေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို တိုက်ရိုက် ခြိမ်းခြောက်နေတာဖြစ်ပါတယ်။ အဲဒါကြောင်း ရခိုင်ပြည်သားအားလုံး နိုင်ငံရေးသတိ၊ စစ်ရေးသတိ မပေါ့ဆဖို့နဲ့ အခုထက်ပိုပြီး စည်းလုံးညီးညွတ်မှုရှိကြဖို့ တိုက်တွန်းအသိပေးလိုပါတယ်”ဟု ခိုင်သုခက ပြောသည်။

ယင်းအပြင် စစ်ကောင်စီတပ်အနေဖြင့် ရခိုင်ပြည်နယ်တွင် ရခိုင်ပြည်သူ့အစိုးရ၏ အုပ်ချုပ်ရေးနှင့် တရားစီ ရင်ရေးကိစ္စများကိုအနှောက်အယှက်ပေးရုံသာမက တဖက်တွင်လည်း စစ်ရေးအရ လူအင်အား၊ လက် နက်အင်အားနှင့် ရိက္ခာဖြည့်ခြင်းလုပ်ငန်းများကို လုပ်ဆောင်နေခြင်းကိုလည်း တွေ့ရကြောင်း ခိုင်သုခက ပြောသည်။

“စစ်ကောင်စီဖက်က ယခုထက်ပိုပြီး စစ်ရေးလုပ်ရှားမှုတွေနဲ့ အာရက္ခပြည်သူတွေအပေါ် ခြိမ်းခြောက်မှု တွေ ဆက်လက်လုပ်ဆောင်လာမယ်ဆိုရင် အာရက္ခပြည်အတွက် စစ်ကောင်စီနဲ့ မိမိတို့ရခိုင်ပြည်သူ့ အစိုးရကြား မလွယ်မရှောင်သာ စစ်ရေးအရထိပ်တိုက်တွေ့မှုတွေရှိလာနိုင်ကြောင်းတင်ပြအပ်ပါတယ် ” ဟု ဆိုသည်။

ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/ AA အနေဖြင့် ပထမဆုံးအကြိမ်သတင်းစာရှင်းလင်းပွဲကို ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့က online မှ ပြုလုပ်ခဲ့ပြီး ယခုရှင်းလင်းပွဲမှာ ဒုတိယအကြိမ်မြောက် ရှင်းလင်းပွဲပြုလုပ် ခြင်းဖြစ်သည်။

#Mizzima

#ရခိုင်အမျိုးသားအဖွဲ့ချုပ်

#အာရက္ခပြည်

#ULA_AA

#ခိုင်သုခ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly