ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ နွေဦးတော်လှန်ရေးအတွက် ၆ လအတွင်း ကိုးရီးယား ၀မ်သိန်းပေါင်း ၉ ထောင်ကျော် လှူဒါန်း

ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ နွေဦးတော်လှန်ရေးအတွက် ၆ လအတွင်း ကိုးရီးယား ၀မ်သိန်းပေါင်း ၉ ထောင်ကျော် လှူဒါန်း

ဧပြီ ၅

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ(ကိုရီးယား) အဖွဲ့က ဘဏ္ဍာရန်ပုံငွေ ထောက်ပံ့ရေးအစီစဉ် ONE DAY CHALLENGE လှုပ်ရှားမှုတွင် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ခြောက်လအတွင်း ကိုရီးယားဝမ် သိန်းပေါင်း ၉ ထောင်ကျော်အထိ ပေးပို့လှူဒါန်း ထောက်ပံ့နိုင်ခဲ့ကြောင်း သိရသည်။

“အဖွဲ့က ဇူလိုင်လ ၂၃ ရက်နေ့ ၂၀၂၁ ခုနှစ်ကစတာပါ။ ONE DAY CHALLENGE လှုပ်ရှားမှုက ၂၀၂၁ ရှစ်လပိုင်းက စတင်ပြီး လှုပ်ရှားလာခဲ့တာပါ ။အခုဆို ခုနစ်လရှိပါပြီ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို စီမံဘဏ္ဍာကို တိုက်ရိုက်ပေးပို့လှူဒါန်းနေတာပါ ။ မန်ဘာဝင်ရင် ခြောက်လတစ်ကြိမ်ပါဝင်လှူဒါန်းရတာပါ“ ဟု တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတစ်ဦးက ရှင်းပြသည်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ (ကိုရီးယား) အဖွဲ့ ၏ ONE DAY CHALLENGE လှုပ်ရှားမှု (ODC Member) မန်ဘာဝင်ရောက်ပါက အနည်းဆုံးခြောက်လ လှူဒါန်းရတာဖြစ်ကြောင်း သိရသည်။

One Day Challenge လှုပ်ရှားမှုမှရရှိသည့် ငွေကြေးနှင့်ပတ်သက်၍ “ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သို့ လှူဒါန်းငွေ ကန်ဒေါ်လာ ခြောက်သိန်းနှင့် မြေပြင် LPDF အဖွဲ့( ၄၉ )ဖွဲ့ကို ကျပ်သိန်း(၉၈၀ ) တို့ကို ခြောက်လ အတွင်း လှူဒါန်းနိုင်ခဲ့ကြောင်း“ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ (ကိုရီးယား ) က ဧပြီလ ၃ ရက်က လူမှုကွန်ရက်စာမျက်နှာတွင် ကြေညာခဲ့သည်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)ကို တာ၀န်ယူသူတစ်ဦးက “NUGအစိုးရသည် ထိုသို့ One Day Challengeမန်ဘာဝင်များ၏ လစဉ် ထည့်‌ဝင်ငွေများကို ကောင်းစွာလက်ခံ ရရှိ‌နေပြီး တော်လှန်ရေးအတွက် အထူးအရေးပါသည့်နေရာများတွင် အကျိုးရှိစွာ အသုံးပြုနိုင်နေပါသည်။ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ထူထောင်နိုင်ဖို့ ထိရောက်တဲ့ ပံ့ပိုးမှုကို ပေးနေတဲ့ One Day Challengeမန်ဘာဝင်အဖြစ် ပူးပေါင်းပါဝင်ကြဖို့နဲ့ နိုင်ငံတိုင်းမှာလည်း One Day Challengeပုံစံအတိုင်း တော်လှန်ရေးအတွက် ထိရောက်တဲ့ပံ့ပိုးမှုတွေ ပုံမှန်ပေးနိုင်တဲ့ လှုပ်ရှားမှုတွေကို အကောင်အထည်ဖော်ကြဖို့ တိုက်တွန်းအပ်ပါသည် “ ဟု လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် မဇ္စျိမသတင်းဌာနကို ဖြေကြားသည်။

ငါ့နိုင်ငံတွက် ငါ့တစ်ရက် အမည်ရ One Day Challenge လှုပ်ရှားမှုကို အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တင်ထွန်းနိုင် ကအသိမှတ်ပြု ဂုဏ်ယူဝမ်းမြောက်ကြောင်းကို ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၃ရက်စွဲဖြင့်ထုတ်ပြန်ထားသည်။

ပါဝင်လှူဒါန်းသူများကို ခြောက်လတစ်ကြိမ်ပြည့်တိုင်းတွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရက အခွန်ခံစားခွင့် ဂုဏ်ပြုလက်မှတ် ကို ထုတ်ပေးလျက်ရှိကြောင်း နှင့် မန်ဘာဝင်လိုသူများအနေဖြင့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား) ၏ အွန်လိုင်းစာမျက်နှာ www.onedaykorea.org) တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းကိုလည်း ဖော်ပြထားသည်။
#Mizzima

#ONE DAY CHALLENGE

#နွေဦးတော်လှန်ရေး

#ODC Member

#LPDF

#ကိုရီးယားနိုင်ငံရောက်မြန်မာနိုင်ငံသား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required