ဒဂုံမြို့သစ်တောင်ပိုင်းတွင် အမျိုးသမီးရာအိမ်မှူး ပစ်ခတ်ခံရ

ဒဂုံမြို့သစ်တောင်ပိုင်းတွင် အမျိုးသမီးရာအိမ်မှူး ပစ်ခတ်ခံရ

ဧပြီ ၅

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၅၃ ရပ်ကွက် လွိုင်ကော်လမ်းနှင့် ငွေကြာယံလမ်းထောင့်တွင် ယမန်နေ့ ဧပြီလ ၄ရက် ည ၇ နာရီ ၃၀ မိနစ်အချိန်ခန့်က အဆိုပါရပ်ကွက်ရှိ အမျိုးသမီးရာအိမ်မှူးအား တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း တောင်ဒဂုံပြောက်ကျား တော်လှန်ရေး အင်အားစုက ပြောသည်။

“နာမည်က ရီရီဝင်းပါ။ သူက ဒလန်အကြီးစား။ ရပ်ကွက်ရဲ့ဖြစ်သမျှအားလုံး သူ့ဆီသတင်းပို့ရတယ်၊ သူ့ဆီကနေမှ စခ(စစ်ကောင်စီတပ်သား)ဆီသတင်းပြန်ပို့တယ်။ စစ်ကောင်စီရဲ့ဒေါက်တိုင်လည်း ဖြစ်တယ်။ ဒါ့ကြောင့်သူ့ကို ရှင်းလင်းမှုပြုလုပ်ခဲ့တာပါ” ဟု တောင်ဒဂုံပြောက်ကျား တော်လှန်ရေး အင်အားစုအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒေါ်ရီရီဝင်း၏ သတင်းပေးမှုကြောင့် အဖမ်းခံခဲ့ရသည့် လူငယ်များလည်းရှိသလို နေအိမ်ချိပ်ပိတ်ခံရသည့် သူများလည်းရှိပြီး ချိပ်ပိတ်ခံရသည့်နေအိမ်သော့များကိုလည်း ဒေါ်ရီရီဝင်းမှ ကိုင်ဆောင်သိမ်းဆည်း ထား ကြောင်းသိရသည်။

တိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အဖွဲ့က အမျိုးသမီးရာအိမ်မှူး ဒေါ်ရီရီဝင်း၏ အိမ်အပြန်လမ်းတွင် ဦးခေါင်းကို သေနတ်ဖြင့် သုံးချက်ပစ်ခတ်ခဲ့ကာ ပွဲချင်းပြီး သေဆုံးစေခဲ့သည်ဟု အတည်ပြုသည်။

#Mizzima

#ဒဂုံမြို့သစ်တောင်ပိုင်း

#အမျိုးသမီးရာအိမ်မှူး

#ဒလန်

#သေဆုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly