ဆမီးမြို့အဝင်ဂိတ်အား CDF-Paletwa နှင့် CNA တို့ပူးပေါင်းတိုက်ခိုက်ရာ စစ်‌ကောင်စီတပ်မှ ၆ ဦးသေဆုံး

ဆမီးမြို့အဝင်ဂိတ်အား CDF-Paletwa နှင့် CNA တို့ပူးပေါင်းတိုက်ခိုက်ရာ စစ်‌ကောင်စီတပ်မှ ၆ ဦးသေဆုံး

ဧပြီ ၄

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ ဆမီးမြို့အဝင်ဂိတ်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဧပြီ ၃ ရက် ည ၈ နာရီ ၃၀မိနစ်ဝန်းကျင်က CDF-ပလက်ဝ နှင့် CNA တို့ ပူးပေါင်၍ လက်နက်ကြီးလက်နက်ငယ်များဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ မိနစ် ၃၀ ကြာ အပြန်လှန်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ခြောက်ဦး သေဆုံးကာ အများပြား ထိခိုက်ဒဏ်ရာရရှိသွားကြောင်း CDF-Paletwa က သတင်းထုတ်ပြန်သည်။

''မနေ့ညကတော့ ဆမီးဘားဝဘက်မှာ လက်နက်ကြီးသံတွေနဲ့ သေနတ်သံတွေကြားရတယ်။ အဲဒါပြီးတော့ ည ဘက်ကြီး စစ်သားတစ်ယောက်ကိုထမ်းပြီး မြို့ထဲကိုပြန်ပြေးဝင်လာတာတွေ့လိုက်တယ်။ သူတို့ (စစ်ကောင်စီတပ်) တွေက ဆမီးချောင်းကနေ မြို့အဝင်ဂိတ်ချောင်းနဖူးပေါ်မှာ ဂိတ်ထိုင်နေကြတာ''ဟု ဆမီးဒေသခံတစ်ဦးကပြော သည်။

ဆမီးမြို့နယ်တွင် ဆမီးဗျူဟာမှဗိုလ်မှူးကြီးတစ်ဦးထိုင်၍ တိုက်ရိုက်ကွပ်ကဲလျှက်ရှိပြီး ယင်းဗျူဟာကုန်းပေါ် တွင်လည်း တာဝေးပစ်လက်နက်ကြီးများပြင်ဆင်ထားကြောင်း ဒေသခံများထံမှသိရသည်။

#Mizzima

#ချင်းပြည်နယ်

#ပူးပေါင်းတိုက်ခိုက်

#စစ်ကောင်စီ

#ခြောက်ဦးသေဆုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required