ကွယ်လွန်သူ လွှတ်တော်ကိုယ်စားလှယ် နေအိမ် ချိပ်ပိတ်ခံရ

ကွယ်လွန်သူ လွှတ်တော်ကိုယ်စားလှယ် နေအိမ် ချိပ်ပိတ်ခံရ

ဧပြီ ၄

ပဲခူးတိုင်း၊ ပြည်မြို့ ထမကောက်အုပ်စု၊ တီတွတ်စံပြကျေးရွာ၌ ကွယ်လွန်သူ NLD ပါတီ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင် ၏ နေအိမ်နှင့် ပလပ်စတစ်စက်ရုံကို မတ်လ ၂၉ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်တွင် စစ်ကောင်စီက ချိပ်ပိတ်ခဲ့ကြောင်း သိရသည်။

၎င်းသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့၌ တော်လှန်ရေးတွင် ပါဝင်ရင်း မတော်တဆ ဖြစ်၍ ကျဆုံးခဲ့ရာ တစ်နှစ်ကျော် ကြာပြီးနောက် ယခုကဲ့သို့ ချိတ်ပိတ်ခဲ့ခြင်း ဖြစ်သည်။

“ကိုသက်ဝင်းလှိုင် ဆုံးတော့ သူ့မိန်းမကို စစ်ကောင်စီက လာဖမ်းတယ်၊ မကြာဘူး ပြန်လွတ်လာတယ်၊ လွတ်လာတော့ အေးအေးဆေးဆေး နေတာပေါ့၊ အခု သူတို့က တစ်နေရာမှာ အိမ်ဌားပြီး နေနေရတယ်” ဟု ၎င်းမိသားစုနှင့် နီးစပ်သူက ပြောသည်။

စစ်ကောင်စီတပ်နှင့် လက်အောက်ခံများ ဖြစ်သည့် ရဲတပ်ဖွဲ့၊ မြေစာရင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများနှင့် သတင်းပေး အင်အား ၃၀ ကျော်ဖြင့် လာရောက် ချိပ်ပိတ်ခဲ့ကြောင်း ဆိုသည်။

မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အင်စတီကျူ ISP Myanmarနှင့် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) တို့ ထုတ်ပြန်သည့် အချက်အလက်များ အရ စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော် အတွင်း ပြည်သူများ၏ နေအိမ်၊ အဆောက်အအုံ ၅၃၀ ကျော်ကို ချိပ်ပိတ် ခံခဲ့ရကြောင်း သိရသည်။

#Mizzima

#ပဲခူးတိုင်း

#တီတွတ်စံပြကျေးရွာ

#ချိပ်ပိတ်

#လွှတ်တော်ကိုယ်စားလှယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly