စစ်ရှောင်များကို ကူညီရန်လာသည့် WFPယာဉ်တန်း ကမ္မမြို့အရောက်တွင် စစ်ကောင်စီတပ်ဖွဲ့ သွားခွင့်မပေး၍ လှည့်ပြန်ရ

စစ်ရှောင်များကို ကူညီရန်လာသည့် WFPယာဉ်တန်း ကမ္မမြို့အရောက်တွင် စစ်ကောင်စီတပ်ဖွဲ့ သွားခွင့်မပေး၍ လှည့်ပြန်ရ

ဧပြီ ၂

မကွေးတိုင်း၊ ပခုက္ကူမှ ကမ္မမြို့အရောက်တွင် စစ်ဘေးရှောင်များအတွက် အခြေခံစားသောက်ကုန်များ တင်ဆောင်လာသည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ယာဉ်တန်းကို စစ်ကောင်စီတပ်က ရှေ့ဆက်သွားခွင့်မပြု၍ ပခုက္ကူသို့ လှည့်ပြန်ခဲ့ရကြောင်း သိရသည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ စစ်ရှောင်များနှင့်မကွေးတိုင်းအတွင်းရှိ ယောနယ်ဒေသများမှ စစ်ဘေးရှောင်များခိုလှုံရာနေရာနှင့် ကျောက်ထုမြို့တွင်ဖွင့်လှစ်ထားရှိသည့် စစ်ဘေးရှောင်များအတွက် အကူအညီပေးရန် သွားနေစဉ်တားဆီးခံရခြင်းဖြစ်သည်ဟု သိရသည်။

ယင်းအတွက်ကြောင့် ''ဧပြီလ ၃ ရက်နေ့တွင် WFP မှထောက်ပံ့မည့် အခြေခံစားသောက်ကုန်များ ကိုစစ်ဘေးရှောင်များအတွက်ပေးဝေနိုင်မည် မဟုတ်တော့ကြောင်း အသိပေး တောင်းပန်အပ်ပါသည်ဟုလည်း''ကျောက်ထုစစ်ဘေးရှောင်ကော်မတီမှထုတ်ပြန်ထားသည်

ယခု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)မှပေးဝေမည့်အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် နို့တိုက်မိခင်နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် ဖြည့်စွက်အဟာရများ ပေးဝေ ရန်တင်ဆောင်လာခြင်းဖြစ်သည်ဟု သိရသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)သည် ချင်းပြည်နယ် မင်းတပ်မြို့ နှင့် မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တို့ရှိ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့သည့်စစ်ဘေးရှောင်တွေကိုလွန်ခဲ့သည့်ရက်သတ္တပတ်အနည်းငယ်အတွင်းက လူသားချင်းစာနာမှုဆိုင်ရာ စားနပ်ရိက္ခာအထောက်အပံ့တွေပေးအပ်နိုင်ခဲ့သည်ဟု လည်း၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင်ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - ၂၀၂၁ ဇူလိုင် ၁၉ ရက်က မင်းတပ်မြို့သို့ရောက်လာသော UNHCR ယာဉ်

#Mizzima

#ပခုက္ကူမြို့

#ကမ္မမြို့

#ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)

#ထောက်ပံ့ရေးယာဉ်တန်း

#တားဆီးခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required