ဧရာဝတီတိုင်းဒေသကြီးတွင် ငွေကျပ်သန်းပေါင်း ၃၀၀၀ကျော်သုံး၍ ရေရရှိအောင်လုပ်မည်

ဧရာဝတီတိုင်းဒေသကြီးတွင် ငွေကျပ်သန်းပေါင်း ၃၀၀၀ကျော်သုံး၍ ရေရရှိအောင်လုပ်မည်

ပုသိမ်၊ ဇန်နဝါရီ ၂၅ ။               ။ ဧရာဝတီတိုင်းဒေသကြီးတွင်၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံဖြိုးရေး တိုးတက်ရေးဦးစီးဌာနမှ  ငွေကျပ် ၃၂၁၃.၄၈သန်းအသုံးပြု၍ ကျေးရွာ ၂၃၄ ရွာတွင်သောက်သုံးရေရှိရေးဆောင်ရွက်ပေးမည်ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ်နှင့် မြို့နယ်ခွဲ၃၂မြို့နယ်တွင် တွင်းနက် ၁၂၈တွင်း၊ လက်တူးတွင်း ၆၂တွင်း ၊မြေသားရေကန်၄၄ကန် တူးဖော်ပေးပြီး ကုန်ကျငွေ ၃၂၁၃.၄၈ ကျပ်သန်းကုန်ကြမည်ဖြစ်သည်။

"လပွတ္တာခရိုင်၊ ဖျာပုံခရိုင်တွေတွေမှာ ရေပေးနေတယ်၊ မိုးရေလှောင်ကန်တွေလုပ်တော့ နွေရာသီဆိုခန်းကုန်တယ်၊အခု အုတ်ရေလှောင်ကန်တွေလုပ် ပေးထားတယ်၊အများဆုံးဖြစ်ခဲ့တယ် ရွာတွေကို လုပ်ပေးထားတယ် ၊မြေအခြေအနေကိုစဉ်းစားပြီးမှ လုပ်ဆောင်ပေးထားတယ်" ဟုဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးဦးသန်းစိုးက ပြောသည်။

နှစ်စဉ်နွေကာလတွင် တစ်ရွာလျှင် ရေဂါလံ ၁၅၀၀၀ပေးဝေနေရပြီး မိုးရေလှောင်ကန် ၁၅၆ကန်ပြုလုပ်ပေးထားကြောင်း၊ သုံးရေးအတွက်ကမူ မြစ်ချောင်းများကို အသုံးပြု၍ရကြောင်း၎င်းက ပြောသည်။

၂၀၁၂နောက်ပိုင်း ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊လပွတ္တာခရိုင်နှင့်ပုသိမ်ခရိုင်များတွင် နွေရာသီတွင် သောက်သုံးရေခန့်ခြောက်မှုများဖြစ်သည်။

"ရေတွေက ရွာတွေခန့်ကုန်တာတွေရှိသလို၊တချိုရွာတွေ ရေငံတွေဝင်ရောက်တာတွေလည်းရှိတယ်၊ရေကန်တွေက ရေသောက်လို ဝမ်းလျောတာတွေဖြစ်တာာတွေရှိတယ် နှစ်စဉ် နွေဆိုရေဝေရတယ်"ဟု ပုသိမ်မြို့နေသူဦးသက်နိုင်ဇော်က  ရေပြတ်မှုအားမဇ္ဈိမသို့ပြောသည်။

၂၀၁၆ခုနှစ် အယ်နီညိုဝင်ရောက်နိုင်ကြောင့် မိုးလေဝသပညာရှင်များမှ ထုတ်ပြန်သတိပေးထားမှုများလည်းရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly