ညောင်လေးပင်မြို့နယ် တော်ဝိစံပြကျေးရွာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွါးရာ ရဲ ၂ ဦးနှင့် ပြည်သူ ၂ ဦး သေဆုံး

ညောင်လေးပင်မြို့နယ် တော်ဝိစံပြကျေးရွာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွါးရာ ရဲ ၂ ဦးနှင့် ပြည်သူ ၂ ဦး သေဆုံး

ဧပြီ ၁

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ တော်ဝိစံပြကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံးအနီးတွင် မတ်လ ၃၀ရက် နံနက်က ဗုံးပေါက်ကွဲမှုကြောင့် ရဲနှစ်ဦးနှင့် ပြည်သူနှစ်ဦ်းသေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ အုပ်ချုပ်ရေးမှုးရုံးနားမှာ အသံဗုံးတစ်ခုကွဲတယ်။ ပြီးတော့ လူတွေရှုပ်လာကြတယ်။ ဓာတ်ပုံတွေရိုက်ကြတယ်။ အဲ့ဘေးနား နောက်ဗုံးအစစ်ထပ်ကွဲတဲ့အခါမှာ ရဲရော၊ ပြည်သူပါသေသွားတယ်။ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်” ဟု ဒေသခံတစ်ဦးက ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြောသည်။

သေဆုံးသွားသည့် ပြည်သူနှစ်ဦးမှာ အမျိုးသားနှစ်ဦ်းဖြစ်ပြီး အလောင်းများကိုတော့ အိမ်ပြန်သယ်ခွင့်ပေးသည်ဟု ဆိုသည်။

အဆိုပါဖြစ်ရပ်ကြောင့် ဗုံးပေါက်ကွဲမှုဖြစ်ပွါးသည့် ရွာအတွင်းသို့ ဝင်ရောက်လိုပါက စစ်ဆေးမှုများပြုလုပ်ပြီး ယနေ့အချိန်ထိ လူငယ် ၁၀ဦး ဖမ်းဆီးခံထားရပြီး ယမန်နေ့ညကပင် ကျေးလက်ကျန်းမာရေးမှူးကိုပါ ဖမ်းဆီးထားသည့် သတင်းများထွက်ပေါ်နေသည်ဟု ပြောသည်။

တိုက်ခိုက်မှုအား မည်သည့်အဖွဲ့ကလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းကိုတော့ လက်ရှိအချိန်ထိ မသိရှိရသေးပေ။

#Mizzima

#ပဲခူးတိုင်း

#ညောင်လေးပင်

#ဗုံးပေါက်ကွဲ

#အုပ်ချုပ်ရေးမှူးရုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required