ထားဝယ်-ထီးခီး လမ်းပိုင်းတွင် စစ်ရေးတင်းမာ

ထားဝယ်-ထီးခီး လမ်းပိုင်းတွင် စစ်ရေးတင်းမာ

မတ် ၂၉

မြန်မာ-ထိုင်း နယ်စပ် ထားဝယ်-ထီးခီး လမ်းပိုင်းတွင် ယနေ့ မတ်လ ၂၉ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ အင်အား အများအပြားဖြင့် ဝင်ရောက်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သောကြောင့် စစ်ရေး တင်းမာနေကြောင်း KNDO၊ PDF ပူပေါင်း တပ်ဖွဲ့ထံမှ သိရသည်။

ယင်းလမ်းပိုင်း KNDO၊ PDF ပူးပေါင်း တပ်ဖွဲ့ တည်ရှိရာသို့ ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ စစ်ကားဖြင့် တက်လာပြီး ပကာရီကျေးရွာနှင့် ဝကုန်းကျေးရွာ ကြားတွင် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

"စစ်တပ်က လက်နက်ကြီး လက်နက်ငယ်တွေရော ပစ်ဖောက်ပြီး တက်သွား တာပါ၊ တောင်သုံးလုံး မေတ္တာ ဘက်ကိုပါ၊ ထားဝယ်နဲ့ မေတ္တာ ကြားမှာပါ ခင်ဗျာ၊ သူတို့ တက်လာ ချိန်မှာတော့ အရှေ့က ကုန်ကား တစ်စီးကို ကာဗာယူပြီး တက်လာတာ ဖြစ်တယ်" ဟု ပူးပေါင်းတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ထားဝယ်-ထီးခီး လမ်းပိုင်းတွင် ညဘက် ယာဉ်များ ဖြတ်သန်း သွားလာခြင်း မပြုရန် ထားဝယ် ပ.က.ဖ မှ မတ်လ ၂၈ ရက်နေ့တွင် မေတ္တာရပ်ခံ သတိပေး ထုတ်ပြန် ထားသည်။

#Mizzima

#KNDO

#PDF

#ထားဝယ်_ထီးခီး

#စစ်ရေးတင်းမာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly