နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၆ မတ် ၂၀၂၂ )

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၆ မတ် ၂၀၂၂ )
Photo - "တောင်တန်းမြေပြန့် အတူချီတက်  ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်" မန္တလေးသပိတ်

အမျိုးသားညီညွတ်ရေး အစိုးရ

  • အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ရောင်းချခဲ့သည့်အောင်လံလွှင့်ချီ နွေဦးထီရောင်းရငွေနှင့် CDM ဝန်ထမ်း သိန်း သောင်းခန့်ကို ချိတ်ဆက်ထားနိုင်ခဲ့ကြောင်းထုတ်ပြန်သည်။
  • လွန်ခဲ့တဲ့ ၇၇ နှစ် က ကမ္ဘာ့ပြည်သူတွေကြားကို ထိုးဖောက်ဝင်ရောက်လာသည့် နာဇီ နှင့် ဖက်ဆစ်ဝါဒ တို့ကို နိုင်ငံသားတိုင်းရင်းသားများက ကမ္ဘာ့ ပြည်သူများနှင့် အတူ မတ်လ ၂၇ရက်၌ လှည်းနေလှေအောင်းမြင်း စောင်းမကျန် တော်လှန်ခဲ့ကြသည့်တော်လှန်ရေးနေ့ကို ဂုဏ်ပြု သည့်အနေဖြင့် သူ့ကိုပုံပြောင်းဖော်ပြခဲ့သော တပ်မတော်နေ့ ဆိုတာကို ဆန့်ကျင်ကာ  ညဖက် သတင်းလာချိန် နာရီ က နာရီခွဲ အထိနိုင်ငံတဝှမ်း အိမ်တိုင်းလျှပ်စစ်မီး မသုံးပဲ ဆန္ဒပြကြရန် NUG ကဖိတ်ခေါ်သည်။
  • နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို နော်ဝေနိုင်ငံမှာ ရှိသည့် ဒေါ်အောင်ဆန်း စုကြည် ပန်းခြံမှာပြုလုပ်မှာဖြစ်သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ နော်ဝေနိုင်ငံဆိုင်ရာ ကိုယ်စား လှယ်အဖွဲ့ကို တက်ရောက်ရန် Froland မြို့တော်ဝန်နှင့် ပန်းခြံကော်မတီအဖွဲ့က လာရောက်ဖိတ် ကြားခဲ့ ကြောင်း နော်ဝေနိုင်ငံ ကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်သည်။
  • ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် အမျိုးသား ညီ ညွတ်ရေး အစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနတို့အကြား တွေ့ဆုံ ဆွေးနွေး မှုကို မတ် ၂၅ ရက် မွန်းလွဲ နာရီမှာ ဗီဒီရိုကွန်ဖရင့်ကနေတဆင့်ပြုလုပ်ခဲ့ကြသည်။

တော်လှန်ရေးလှုပ်ရှားမှုများ

  • ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်တွင်ကရင်နီပြည် ဒီမောဆို အနီးတစ်ဝိုက်ရှိ စစ်ဘေးရှောင်များကို သွားရောက် လှူဒါန်းသည့် ပရဟိတလုပ်ဆောင်နေသည့် လူငယ်ခြောက်ဦးကို မတ်လ ၂၄ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသူများ၏ မိတ်ဆွေများက ပြောကြားသည်။
  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်လုံးဆိုင်ရာမှော်ပေါင်းစုံသပိတ်စစ်ကြောင်းက ဖက်စစ် စစ်မိစ္ဆာ တွေအပြီးတိုင်ကျဆုံး ပျောက်ကွယ် သွားစေဖို့ ဒီ​​နေ့မှာကြွေးကြော် ချီတက်ခဲ့ကြပါတယ်
  • ရန်ကုန်တွင် မတ်လ ၂၇ရက် ဖက်ဆစ်တော်လှန်ရေးနေ့ကို လေးစားဂုဏ်ပြုလျက်တိုင်းရင်းသားလူမျိူးစုံ တောင်တန်းမြေပြန့် သွေးစည်းညီညွတ်စွာဖြင့် ဖက်ဆစ်စစ်အာဏာရှင်နှင့် မတရားဖိနိုပ်မူမှန်သမျှ ပြတ်ပြတ် သားသား ဆန့်ကျင်တော်လှန်ကြရန်၊ မတရား လုပ်အားခေါင်းပုံဖြတ်ခံသည့် Food Panda Riders များဘက်မှ ရပ်တည်ကြောင်း အလုပ်သမားတပ်ပေါင်းစု (LA)က သပိတ်မှောက် ဆန္ဒပြကြသည်။
  • ရန်ကုန်တိုင်း သန်လျင်မြို့နယ်ရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၏ အမှတ် ရေနံချက်စက်ရုံ (သန်လျင်)မှ CDM ပြုလုပ်ထားသည့် ဝန်ထမ်း အိမ်ထောင်စုပေါင်း ၁၂၀ ကျော်ကို ဝန်ထမ်းအိမ်ရာမှ ဧပြီလ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် အကြမ်းဖက် စစ်ကောင်စီမှ စာပေးပို့လာကြောင်း CDM ဝန်ထမ်းများ ထံမှ သိရှိရသည်။
  • ရန်ကုန်တွင် လူထုသပိတ်များ၌ ပါဝင်ဆန္ဒပြခဲ့သော ပြည်သူတစ်ဦးမှ "တော်လှန်မျိုးဆက်ပုန်ကန်ရုန်းထွက်" စာတန်းနှင့်အတူ "ကမ္ဘာမကြေဘူး" သီချင်းသီဆိုကာ မင်းအောင်လှိုင်ပုံကို ခြေဖြင့်နင်းပြီး ဖက်ဆစ် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • ရန်ကုန်မြို့တစ်နေရာတွင် ရန်ကုန် အခြေစိုက်တက္ကသိုလ် ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်)မှ ဦးဆောင်ကာ ဖက်ဆစ်တော်လှန်ရေးနေ့ (၇၇) နှစ်ပြည့် အကြိုလှုပ်ရှားမှုအဖြင့် ယနေ့ မတ်ခ ၂၆ ရက်နေ့တွင် " ဒေါင်းအလံနဲ့ ဖက်ဆစ်သဏ္ဍာန် ဘယ်ခါတည့်ရိုးထုံးစံမရှိ" စာတန်း ချိတ်ဆွဲခဲ့ကြောင်း သိရသည်။
  • အကြမ်းဖက်စစ်အာဏာရှင် ချေမှုန်းရေးနှင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကိုဖြိုးဇေယျာသော်မွေးနေ့ အထိမ်းအမှတ်အဖြစ် 'အားလံးစုစည်းနေရင် ဘာမှမဖြစ်' စာတန်းကို ကိုင်ဆောင်ကာ ယနေ့ မတ်လ ၂၆ ရက်တွင် ရန်ကုန်ရှိ တော်လှန်လူငယ်များဆန္ဒပြကြသည်။
  • ရန်ကုန်၊ ရွာမကွေ့ရှိ စစ်ကောင်စီဘက်တော်သား မြတ်မေတ္တာမွန်ဆီဆိုင်ကို ယနေ့ မတ်လ ၂၆ ရက်နေ့ နံနက် နာရီ ၃၀ မိနစ်အချိန် ဗုံးခွဲ မီးရှို့တိုက်ခိုက်ခဲ့ကြောင်း Special Task Agency of Burma (STA) က သတင်းထုတ်ပြန်သည်။
  • ရန်ကုန်တိုင်း၊ ထောက်ကြံ့မြို့နယ်၊ ထောက်ကြံ့လမ်းဆုံရှိ ထောက်ကြံ့ရဲစခန်းကို Dark Shadow(YGN) က ယနေ့ နံနက်ပိုင်းတွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။
  • ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ပင်လုံလမ်းရှိ Denko ဆီဆိုင်ကို ယမန်နေ့ နာရီ ၅၅ မိနစ်တွင် Special Task Agency of Burma (STA) အဖွဲ့က မီးရှို့ပြီး လက်ပစ်ဗုံး လုံး ဖောက်ခွဲတိုက်ခိုက်ကြောင်း STA က သတင်းထုတ်ပြန်သည်။
  • စစ်ကိုင်းတိုင်း မုံရွာ-အရာတော် လမ်းပိုင်းတွင် မတ်လ ၂၅ ရက်နေ့က နံနက် ၆နာရီ ၃ဝမိနစ်၊ နံနက် ၉နာရီနှင့် မွန်းလွဲ ၂နာရီ ၂ဝမိနစ်ခန့်တို့တွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကားများ ပဒေသာမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံရပြီး စစ်သား ၈ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သပြေညိုပျောက်ကြား တပ်ဖွဲ့ထံမှ သိရသည်။
  • မုံရွာတွင် မြို့နယ် အခြေခံပညာ ကျောင်းသားများ သမဂ္ဂ ဦးဆောင်ကာ ယနေ့ မတ်လ ၂၆ ရက်နေ့တွင် စစ်တပ် ပစ်သတ်သောကြောင့် ကျဆုံးခဲ့သည့် အကသ ကျောင်းသား ရဲဘော် ကောင်းဆက်ဟိန်း ကျဆုံးခြင်း ရှစ်လပြည့် အထိမ်းအမှတ်အဖြစ် ဖက်ဆစ် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ကျေးရွာ၃ရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၂၆ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ဖြုတ်ချရေး ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ် ကြောင်းသည် ယနေ့ မတ်လ ၂၆ ရက်နေ့တွင် ၃၈၁ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် လှည့်လည်ဆန္ဒပြကြသည်။
  • မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် ယနေ့ မတ် ၂၆ ရက်နေ့ နံနက် နာရီအချိန်တွင် အကြမ်းဖက် စစ်ကောင်စီမှ ဒန့်ဒလွန်ပင်ရွာအနီးရှိ ငါးပြေမပျောက်ကြားတပ်ဖွဲ့ ယာယီစခန်းငယ်ကို ဝင်ရောက်စီး နင်းခဲ့ပြီး တပ်ဖွဲ့ဝင် နှစ်ဦး အဖမ်းခံလိုက်ရကြောင်း ငါးပြေမပျောက်ကြားတပ်ဖွဲ့မှ ပြောဆိုသည်။
  • ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီမှ မတ်လ ၂၅ ရက်နေ့ ၁၂ နာရီခန့်တွင် ပြည်သူ ဦးကို PDF ဟု စွတ်စွဲကာ မတရားဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောကြားသည်။
  • ပဲခူးတိုင်း လက်ပံတန်းမြို့နယ် အခြေခံပညာ ကျောင်းသားများ သမဂ္ဂ (အကသ) ဦးဆောင်ကာ "လူဖြစ်ခြင်းရဲ့ ပြည့်ဝတဲ့ အဓိပ္ပာယ် ဒို့တော်လှန်မှ ရလိမ့်မယ်" ဖက်ဆစ် စစ်ကောင်စီ ချေမှုန်းရေး စာတန်းချိတ်ဆွဲ ခဲ့ကြောင်း သိရသည်။
  • ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ် မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်း စစ်ကောင်စီ ၃၀၀ ဝန်းကျင် ဟိုပင်မြို့ဘက်သို့ ထိုးစစ်ဆင်လာသဖြင့် ဟိုပင် KPDF အပါအဝင် ပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဟိုပင် PDF က သတင်းထုတ်ပြန်သည်။
  • ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ် မြင်းကဆိပ်ကျေးရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မင်းထွဋ် (ခေါ်) မင်းထွေး ဆိုသူ၏ နေအိမ်၌ ယမန်နေ့ မတ်လ ၂၅ ရက်နေ့ နာရီ ကျော်တွင် ဗုံး ပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံက သိရသည်။
  • မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၇၈ လမ်း၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြားရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်း ဝင်ပေါက်ရှေ့တွင် ပြည်သူများကို စစ်ဆေးနေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ၎င်းတို့၏လက်အောက်ခံအဖွဲ့တို့ ပစ်ခတ်ခံရပြီး ယာဥ်ထိန်းရဲတစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

  • ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်းသို့ အာဏာသိမ်းစစ် တပ်က အင်အားတိုးချဲ့လာမှုကြောင့် အာရှလမ်းမကြီးဖြစ်သည့် ကော့ကရိတ်-မြဝတီလမ်းပိုင်းနှင့် မြဝတီ-ဝေါလေလမ်းပိုင်းအား မနက်ဖြန် မတ်လ ၂၇ ရက်နေ့ကစတင်ပြီး အသုံးပြုမှုရပ်ဆိုင်းထားရန် KNU က ယနေ့သတိပေးထုတ်ပြန်လိုက်သည်။
  • ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ နယ်မြေ၊ ဝေါ်လေမြို့နယ်ခွဲအတွင်းသို့ အကြမ်းဖက် စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ယမန်နေ့ မတ်လ ၂၅ ရက် ညပိုင်းတွင် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
  • ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ နယ်မြေ၊ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မယ်ဝေ (မဲဝိုင်) ဒေသတွင် မတ်လ ၂၅ ရက် မွန်းလွဲပိုင်း၌ လာရောက်ထောက်လှမ်းသော အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ်ယာဉ် စီးကို KNLA တပ်ရင်း ၁၀၂ တပ်ဖွဲ့များက ပစ်ခတ်ခဲ့ရာ ရဟတ်ယာဉ် ထိမှန်သွားကြောင်း KNU မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။
  • ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်၊ ရိခေါ်ဒါရ်မြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ချင်းတပ်ဖွဲ့ကြား ယနေ့ မတ်လ ၂၆ ရက်နံနက်၌ တိုက်ပွဲဖြစ်ပွားနေပြီး လက်ရှိအချိန်တွင် CNDF တပ်ဖွဲ့ဝင် ဦး ဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။
  • စစ်ကိုင်းတိုင်း၊ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အတွင်းရှိ စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တရား၏ အဓိက ဒေါက်တိုင်များ ဖြစ်သည့် အုပ်ချုပ်ရေးမှူးများ အားလုံး ဧပြီလ ၃၀ ရက် နောက်ဆုံးထား၍ နုတ်ထွက်ရန် နာဂ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေး ထုတ်ပြန်သည်။

စစ်ကောင်စီ

  • စီးနင်း လိုက်ပါသူ မရှိ၍ အရှုံးပေါ်ခြင်းကြောင့် ရပ်ထားရသည့် မန္တလေး မြို့ပတ်ရထား ခရီးစဉ်ကို စစ်ကောင်စီက ယမန်နေ့ (မတ်လ ၂၅)က ဖွင့်ပွဲလုပ်ခဲ့ပြီး ပြန်လည် ဖွင့်လှစ် ပြေးဆွဲမည် ဖြစ်သည်။
  • စစ်ကောင်စီအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်က ဥရောပ အာရှစီးပွားရေး ကော်မရှင်နှင့်ရုရှားစီးပွား ရေးအဖွဲ့မှ ကိုယ်စားလှယ်များ နှင့်တွေ့ဆုံစဥ်ပြောကြား ခဲ့ခြင်းဖြစ်သည်။
  • စစ်ကောင်စီခန့် လူကယ်ပြန် ဝန်ကြီး ဒေါက်တာသက်သက်ခိုင် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင် ရွက်ရေး အသင်း၏ စီမံကိန်းမန်နေဂျာနှင့် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ သတင်းတွင် ဖော်ပြ ထားသည်။
  • မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းသော်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်း ဆွေ နှင့် တာဝန်ရှိသူများသည် ဥရောပအာရှ စီးပွားရေးကော်မရှင်အဖွဲ့အား လက်ခံ တွေ့ဆုံကြောင်း ဖော်ပြထားသည်။

မတ် ၂၆ ရက် သုံးသပ်ချက်

  • ရန်ကုန်တွင် ပြီးခဲ့သည့်ရက်ပိုင်းက တော်လှန်ရေးလှုပ်ရှားမှုအနည်းငယ်ငြိမ်ခဲ့သော်လည်း ယမန်နေ့ ညပိုင်းနှင့်ယနေ့ တွင်တော်လှန်ရေးလှုပ်ရှားမှုများနှင့်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှုများ ပြန်အားကောင်း လာသည်ကိုတွေ့ရသည်။မန္တလေးတိုင်းတွင် စစ်တပ်မှဖိနှပ်မှုများနေ၍ တော်လှန်ရေးလှုပ်ရှားမှုများ နှင့်ဆန္ဒပြမှုများလျော့နည်းသွားသည်။
  • စစ်ကိုင်း၊မကွေးတို့တွင် ပုံမှန်ဆန္ဒပြပွဲများနှင့် တော်လှန်ရေးလှုပ်ရှား မှုများ ထိတွေ့တိုက်ပွဲများရှိနေပြီး စစ်ပွဲဖြစ်နေသည့် ကရင်နီ၊ချင်းပြည်နယ်၊ကရင်နီပြည်နယ်တို့မှလွဲလျှင် ကျန်ပြည်နယ်နှင့်တိုင်းများတွင် တော်လှန်ရေးလှုပ်ရှားမှုနှင့်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲများ မရှိသလောက်နည်းပါးနေသည်။
  • ကရင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေပြီး KNU မှလည်းခုခံစစ်ဆင်နွဲကာ အာရှလမ်းပိုင်းကို ပိတ်ထားသည်။ယင်းအခြေအနေကြောင့် ယခုရက်ပိုင်းတွင် တိုက်ပွဲများ ပိုမိုဖြစ်လာမည်ဟု ခန့်မှန်းရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly