ဖားကန့်မြို့တွင် စစ်ကောင်စီတပ် ထုတ်ကုန် ရောင်းချမှု KIAက စစ်ဆေးအရေးယူ

ဖားကန့်မြို့တွင် စစ်ကောင်စီတပ် ထုတ်ကုန် ရောင်းချမှု KIAက စစ်ဆေးအရေးယူ

မတ် ၂၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နှင့် အနီးတစ်ဝိုက် ကျောက်စိမ်းမှော်များရှိ ကုန်စုံဆိုင် ၊စားသောက်ဆိုင် ၊ Bar နှင့် KTV များတွင် ရောင်းချခွင့် တားမြစ်ထားသော စစ်တပ်ထုတ်ကုန်များ ရောင်းချခြင်း ရှိ၊ မရှိကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က လိုက်လံ စစ်ဆေး အရေးယူ ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။

KIA က ဖားကန့်မြို့နယ် တာဝန်ရှိသူများနှင့်အတူ လိုက်လံ စစ်ဆေးနေပြီး ဆက်လက်ရောင်းချ နေသော စစ်တပ်ထုတ်ကုန်များကို ဖျက်ဆီးခြင်းများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

ဖားကန့် မြို့နယ်တွင် မတ်လ ၂၀ ရက် နောက်ဆုံးထားကာ အာဏာသိမ်းဦးပိုင်နှင့် အကျိုးတူ လုပ်ငန်းများဖြစ်သော Myanmar Beer ၊Dagon Beer ၊ ABC၊ RUM ၊Andaman Beer ၊ Dagon Gin၊Dagon Extra Strong Beer ၊Dagon single malt larger beer ၊ Mandalay Beer၊Myanmar premium beer နှင့် ဆင်မင်းဘိလပ်မြေများကို ရောင်းချခြင်းမပြုရန် နှင့် ဆက်လက်ရောင်းချပါက အရေးယူမည်ဆိုသည့် အသိပေးစာများကို ဖေဖော်ဝါရီလ ၂၆ ရက်မှ စတင်ကာ ဖားကန့် တစ်မြို့လုံးရှိ ဆိုင်များထံ KIAက လိုက်လံ ဖြန့်ဝေထားပြီးဖြစ်သည်။

ဖားကန့် တစ်မြို့လုံးနီးပါးရှိ ဆိုင်များမှာ KIA ထံမှ စစ်တပ်ထုတ်ကုန် မရောင်းရန် အသိပေးစာ ရရှိပြီးနောက် ရောင်းချခြင်း မပြုကြတော့ဘဲ ဆိုင်အနည်းငယ်ကသာ ဆက်လက်ရောင်းချ နေခြင်းဖြစ်သည်။

#Mizzima

#ကချင်ပြည်နယ်

#ဖားကန့်မြို့

#စစ်တပ်ထုတ်ကုန်

#ဖျက်ဆီး

#KIA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly