ပူတာအိုဒေသ စစ်ဘေးရှောင်များ နေရပ်ပြန်

By အဂမ် (ကချင်မြေ)
23 March 2022
ပူတာအိုဒေသ စစ်ဘေးရှောင်များ နေရပ်ပြန်

မတ် ၂၃

ကချင်ပြည်နယ်၊ ပူတာအိုဒေသတွင် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် တစ်လကျော်ကြာ စစ်ဘေးရှောင် နေရသည့် ဒေသခံများ ယမန်နေ့ မတ်လ ၂၂ ရက်တွင် ဘေးကင်း လုံခြုံစွာ နေရပ် ပြန်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ဒေသခံများ ထံက သိရသည်။

ကေအိုင်အေ ဦးဆောင်သည့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ပူတာအိုမြို့နယ် ဆွမ်ပီယာန်နှင့် အင်စီယာန်ကျေးရွာနေ ဒေသခံများ တောတောင်များတွင် တစ်လကျော်ကြာ စစ်ဘေး တိမ်းရှောင် နေရခြင်း ဖြစ်သည်။

နေရပ် ပြန်နိုင်ရေး ဒေသခံ ပြည်သူများ၏ တောင်းဆိုမှုကြောင့် ကချင်ပြည်နယ် အခြေပြု မြစ်ကြီးနား ခရစ်ယာန်များ ကောင်စီ (MCC) မှ ဦးဆောင်ပြီး ကချင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့(PCG)၊ ကချင်အမျိုးသား အတိုင်ပင်ခံ အဖွဲ့(WMR) တို့က စစ်ကောင်စီတပ်နှင့် ကေအိုင်အေ တို့အကြား ညှိနှိုင်းပေးခဲ့၍ နေရပ် ပြန်နိုင်ခြင်း ဖြစ်ကြောင်း ဘုန်းတော်ကြီး တစ်ပါးက ဆိုသည်။

ပူတာအိုဒေသတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့က တိုက်ပွဲများ ပြန်လည် ပြင်းထန်ခဲ့ပြီးနောက် ဒေသခံများ စစ်ဘေးရှောင် နေရခြင်း ဖြစ်သည်။

#Mizzima

#ပူတာအို

#စစ်ဘေးရှောင်

#နေရပ်ပြန်

#ကေအိုင်အေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly