မူဝါဒပိုင်းများကို ရဲရဲတင်းတင်းပြောင်းလဲရန် အစိုးသစ်ကိုတိုက်တွန်း

မူဝါဒပိုင်းများကို ရဲရဲတင်းတင်းပြောင်းလဲရန် အစိုးသစ်ကိုတိုက်တွန်း

ပုသိမ်၊ဇန်နဝါရီ ၂၃ ။          ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်မည့် အစိုးရအဖွဲ့အနေဖြင့် ကောင်းမွန်သောအခြေအနေများကို ဆက်လက်ကျင့်သုံးပေးပြီး ပြုပြင်ပြောင်းလဲရမည့် အခြေအနေများတွင် မူဝါဒပိုင်းများကို ရဲရဲတင်းတင်းပြောင်းလဲပြီး စီမံဆောင်ရွက်ပေးပါဟု တိုက်တွန်းကြောင်း ဇန်နဝါရီ ၂၃ရက်နေ့ ပုသိမ်ဟိုတယ်တွင် ကျင်းပသည့် တိုင်းဒေသကြီးဖွံဖြိုးတိုးတက်မှု ဆိုင်ရာဆွေးနွေးပွဲတွင်  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီးဦးဝင်းကိုကပြောသည်။

"လုပ်ငန်းတိုင်းဟာ အချိန်အခါ ကိုက်ညီစွာဆောင်ရွက်မှာသာ ပိုမိုကောင်းမွန်းတဲ့ရလာဒ်ဖြစ်ပေါ်မှာပါ၊ ဒီမိုကရေစီစနစ်အရ မကြာခင်မှာပဲ အနိုင်ရပါတီမှ ဦးဆောင်ဦးရွက်ပြုပြီး နိုင်ငံတော်ကိုလည်း စီမံခန့်ခွဲအုပ်ချုပ်ခြင်း၊ တိုင်းဒေသကြီးဖွံဖြိုးတိုးတက်အောင် အစိုးရအဖွဲ့များ ဖွဲ့စည်း၍စီမံ ဆောင်ရွက်ခြင်း၊တိုင်းဒေသကြီးလွှတ်တော်များဖွဲ့စည်း၍ပိုမိုကောင်းမွန်းသော အနာဂတ် ဖန်တီးခြင်းတို့ကို ဆောင်ရွက်တော့မယ့် ကာလပါ"ဟု ဆွေးနွေးပွဲတွင် ဝန်ကြီး ဦးဝင်းကိုကိုက ပြောသည်။

ပြောင်းလဲခြင်းဆိုသည်မှာ အလုံးစုံပြောင်းလဲရန် လိုသည်များရှိသကဲ့သို့ ကောင်းသည့်အချက်ကိုယူကာ လိုအပ်သည်များကို ဖြည့်ဆည်းပြီး အပြောင်းအလဲလုပ်ပါက ပိုမိုကောင်းမွန်သည့် အခြေအနေကို အမြန်ဆုံးရောက်ရှိနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

"အသစ်ပေါ်ပေါက်လာမယ် အစိုးရအဖွဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘက်ဂျက်အတည်ပြုပေးခြင်း၊၂၀၁၆-၁၇ စီမံကိန်းများကို အတည်ပြုပေးခြင်းကို အခြားသော ပြည်နယ်တိုင်းလွှတ်တော်များ ထပ်ပိုမိုစောစွာနဲ့ အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပေးပြီး ဖြစ်ကြောင်း" တိုင်းအစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီးဦးဝင်းကိုကိုက နောက်ဆုံးလွှတ်တော်တွက်အတည်ပြုပေးမှုအားပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်၁၂နေရာ ၊ပြည်သူလွှတ်တော်၂၅နေရာနှင့် တိုင်းဒေသကြီးလွှတ်တော်၄၉နေရာ နှင့်တိုင်းရင်းသားရေးရာ၂နေရာတို့အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရပြီး၊ပြည်ထောင်စုကြံခိုင်းရေးနှင့်ဖွံဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ၁ နေရာနှင့် တိုင်းဒေသကြီးကိုယ်စားလှယ် ၃နေရာ အနိုင်ရခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly