နေပြည်တော်၌ ညမထွက်ရ အမိန့် ၂ နာရီ လျော့သတ်မှတ်

နေပြည်တော်၌ ညမထွက်ရ အမိန့် ၂ နာရီ လျော့သတ်မှတ်

မတ် ၂၂

နေပြည်တော်၌ ညမထွက်ရ အမိန့်ကို ၂ နာရီ လျော့ပေါ့ သတ်မှတ်လိုက်ကြောင်း ဇဗ္ဗူသီရိ မြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

ယခင် သတ်မှတ်ထားသော ည ၁၀ နာရီမှ နံနက် ၄ နာရီ အထိ ညမထွက်ရ အမိန့်ကို ယမန်နေ့ မတ်လ ၂၂ ရက်နေ့မှ စ၍ ည ၁၂ နာရီမှ နံနက် ၄ နာရီသို့ ပြောင်းလဲ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

လူ ငါးဦး သို့မဟုတ် ငါးဦးထက် ပိုသော သူများ လမ်းမကြီးများ၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဥ် သို့မဟုတ် အများပြည်သူနှင့် ဆိုင်သော နေရာများတွင် စုဝေးခြင်း မပြုရန် လယ်ဝေးမြို့နယ် အထွေထွေ အုပ်ချူပ်ရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ထို့အပြင် လူစုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဥ်တစ်မျိုးမျိုး အသုံးပြု၍ ဖြစ်စေ၊ လူကိုယ်တိုင် ဖြစ်စေ စီတန်း လှည့်လည်ခြင်း၊ လှုံ့ဆော် ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်းနှင့် ရုန်းရင်း ဆန်ခတ်မှုများ မပြုလုပ်ရန်လည်း တားမြစ်ထားသည်။

စစ်ကောင်စီက နေပြည်တော်တွင် ညမထွက်ရ အမိန့်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စ၍ ည ၈ နာရီမှ နံနက် ၄ အထိ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

#Mizzima

#နေပြည်တော်

#ညမထွက်ရ

#အမိန့်

#ဇဗ္ဗူသီရိ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly