လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံထူထောင်မှုကို တရုတ် ထောက်ခံ

လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံထူထောင်မှုကို တရုတ် ထောက်ခံ

ကိုင်ရို၊ ဇန်နဝါရီ - ၂၂ ။           ။ အရှေ့အယ်လ်ကွတ် (East al-Quds)ခေါ် ဂျေရုဆလင်ကို မြို့တော်အဖြစ်နှင့် ပါလက်စတိုင်းနိုင်ငံ ထူထောင်မှုကို တရုတ်နိုင်ငံက ထောက်ခံကြောင်း ပြောကြား လိုက်သည်။

ဇန်နဝါရီလ ၂၁ ရက်နေ့က အီဂျစ်မြို့တော် ကိုင်ရိုရှိ အာရပ်အဖွဲ့ချုပ် ရုံးချုပ်တွင် မိန့်ခွန်းပြောကြားစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းပင် ဖြစ်သည်။

ပါလက်စတိုင်းနိုင်ငံတော်ကို ၁၉၆၇ နယ်နိမိတ်မျဉ်း သတ်မှတ်ချက်များအပေါ်တွင် အခြခံ ထူထောင်သင့်ပြီး အချုပ်အခြာအာဏာပိုင်မှု အပြည့်အဝရသင့်သည်ဟု ရှီက ပြောကြားခဲ့သည်။

၁၉၆၇ခုနှစ်တွင် အစ္စရေးက ပါလက်စတိုင်းနယ်မြေများဖြစ်သည့် အနောက်ဘက်ကမ်းနှင့် အရှေ့အယ်လ်ကွတ်တို့ကို ၆ရက်စစ်ပွဲအတွင်း ကျူးကျော်သိမ်းပိုက်ခဲ့သောလည်း နိုင်ငံတကာအသိုင်းအဝိုင်းကမူ အသိအမှတ်ပြုခြင်း မရှိခဲ့ပေ။

အသိမ်းပိုက်ခံ နယ်မြေများနှင့်တကွ ဂါဇာကမ်းမြှောင်အပါအဝင် နယ်မြေများပေါ်တွင် လွတ်လပ်သော နိုင်ငံကို ထူထောင်လိုကြသည့် ပါလက်စတိုင်းများ၏ တောင်းဆိုချက်ကို ရှီက ပဲ့တင်ထပ်လိုက်ခြင်းပင် ဖြစ်သည်။  

၂၀၁၂ခုနှစ်တွင် အစ္စရေးနှင့် အမေရိကန်ပြည်ထောင်စုတို့က အပြင်းအထန် ကန့်ကွက်နေသည့်ကြားကပင် ကုလ အထွေထွေညီလာခံက ပါလက်စတိုင်း၏ အဆင့်အတန်းကို အဖွဲ့ဝင် မဟုတ်သည့် လေ့လာသူ နယ်မြေအဖြစ်မှာ အဖွဲ့ဝင်မဟုတ်သည့် လေ့လာသူနိုင်ငံအဖြစ်သို့ မြှင့်တင်ရန် မဲပေးခဲ့သည်။ ပါလက်စတိုင်းအလံကိုလည်း နယူးယောက်ရှိ ကုလရုံးချုပ်တွင် ပထမဆုံးအကြိမ်အဖြစ် လွှင့်ထူခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly