အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို စွပ်စွဲထားသည့် အဂတိအမှုများ ချေဖျက်နိုင်ရေး လျှောက်ထားချက် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ပယ်ချ

အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို စွပ်စွဲထားသည့် အဂတိအမှုများ ချေဖျက်နိုင်ရေး လျှောက်ထားချက် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ပယ်ချ

မတ် ၁၆

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို စွပ်စွဲထားသည့် အဂတိအမှု ငါးမှုကို ချေဖျက်နိုင်ရေး နှစ်ဖက် လျှောက်လဲချက်ကို လက်ခံပေးရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ လျှောက်ထားချက် ယမန်နေ့ မတ်လ ၁၅ ရက်တွင် ပယ်ချ ခံလိုက်ရကြောင်း သိရသည်။

အမှုတွဲ ချေဖျက်ရန်အတွက် နှစ်ဖက် လျှောက်လဲချက်ကို ကျယ်ကျယ်ပြန့်ပြန့် ကြားနာပေးရန် လျှောက်ထားခြင်း ဖြစ်ပြီး လက်ခံရန် သင့်၊ မသင့် အဆင့်တွင် ပယ်ချ ခံလိုက်ရခြင်း ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူကပြောသည်။

ယမန်နေ့ လျှောက်ထားသည့် ရာဇဝတ် အထွေထွေ လျှောက်လွှာအမှတ် ၁ မှ ၂၀ အထိကို ပယ်ချကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ထုတ်ပြန်သည်။

ယင်း အဂတိအမှု ၂၀ တွင် ဒေါ်အောင်ဆန်းစုကြည် အတွက် ငါးမှု၊ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင် အတွက် ငါးမှု၊ နေပြည်တော် ဒုတိယ မြို့တော်ဝန် ဦးရဲမင်းဦး အတွက် ငါးမှုနှင့် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းအတွက် ငါးမှု လျှောက်ထားခြင်း ဖြစ်သည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို စွပ်စွဲထားသည့် အဂတိအမှု ၁၀ မှုရှိပြီး အဆိုပါ အမှုများထဲမှ ဦးဖြိုးမင်းသိန်း က လိုပြ သက်သေ အဖြစ် ထွက်ဆိုထားသည့် ရွှေနှင့် ဒေါ်လာအမှု၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနှင့် ဆက်စပ်ပြီး စွဲဆိုထားသည့် အမှု လေးမှုတို့ အတွက် လျှောက်ထားခြင်း ဖြစ်သည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အနေဖြင့် အဂတိ ၁၀ မှုဖြင့် တရား ရင်ဆိုင်နေရပြီး ထပ်တိုး အဂတိ တစ်မှုဖြင့် အမှုဖွင့် ခံထားရသည်။

#Mizzima

#နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်

#အဂတိအမှု

#ပြည်ထောင်စုတရားလွှတ်တော်ချုပ်

#ပယ်ချ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required