၂၀၁၆ ဂရမ်မီ ဆုပေးပွဲတွင် ဖျော်ဖြေသွားမယ့် အဒဲလ်

၂၀၁၆ ဂရမ်မီ ဆုပေးပွဲတွင် ဖျော်ဖြေသွားမယ့် အဒဲလ်

နယူးယော့ခ်၊ ဇန်နဝါရီ ၂၁ ။             ။ နာမည်ကျော် အဆိုတော် အဒဲလ်သည်  ဖေဖော်ဝါရီလတွင် ကျင်းပပြုလုပ်မည့် ၂၀၁၆ ခုနှစ် ဂရမ်မီဆုပေးပွဲတွင် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ဇန်နဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

မကြာသေးမီက ထွက်ရှိထားသော အဒဲလ်၏ “25” တေးသီချင်း အယ်လ်ဘမ်သည် ၂၀၁၅ ခုနှစ်၏ ရောင်းအားအကောင်းဆုံး အယ်လ်ဘမ် ဖြစ်ခဲ့သည်။အဒဲလ်၏ “ 25” တေးသီချင်း အယ်လ်ဘမ် သည် ၂၀၁၅ ခုနှစ် နိုဝင်ဘာလက ထွက်ရှိခဲ့ခြင်းကြောင့် ယခုနှစ် ဂရမ်မီဆု ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ခြင်း မရှိသော်လည်း အဒဲလ်သည် ဖေဖော်ဝါရီလ ၁၅ ရက်တွင် လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပ ပြုလုပ် သွားမည့် ဂရမ်မီဆုပေးပွဲတွင် ဖျော်ဖြေသွားမည် ဖြစ်သည်။

အဒဲလ်သည် ၂၀၁၁ ခုနှစ်က အောင်မြင်မှုရရှိခဲ့သော “ 21” တေးသီချင်း အယ်လ်ဘမ်ဖြင့် ဂရမ်မီဆု ခြောက်ဆု ဆွတ်ခူးရရှိထားသူတစ်ဦး ဖြစ်သည်။ အဒဲလ်သည် လေးနှစ်ကြာ ဂီတလောကနှင့် အဆက်ပြတ်ခဲ့ပြီးနောက် ပြန်လည်ထွက်ရှိခဲ့သည့် ၎င်း၏ “25” တေးသီချင်း အယ်လ်ဘမ်သည် အမေရိကန် ပြည်ထောင်စုတွင် အဖွင့်သီတင်းပတ်တွင် ရောင်းချရမှုစံချိန် ချိုးခဲ့သည်။

“ 25” တေးသီ ချင်း အယ်လ်ဘမ်သည် အမေရိကန်ပြည်ထောင်စု တစ်ခုတည်းတွင် အချပ်ရေ ၇ ဒသမ ၄ သန်း ရောင်းချခဲ့ရကြောင်း  Nielsen Music မှ ကောက်ယူရရှိသော အချက်အလက်များအရ သိရသည်။

အမေရိကန် ရက်ပါ ကန်ဒရစ်ခ်လာမာသည် ၂၀၁၆ ဂရမ်မီဆုပေးပွဲတွင် “To Pimp A Butterfly” တေးသီချင်း အယ်လ်ဘမ်ဖြင့် တစ်နှစ်တာ အကောင်းဆုံး တေးသီချင်း အယ်လ်ဘမ်ဆု အပါအဝင် ဆု ၁၁ ဆုဖြင့် ဆန်ခါတင်စာရင်းတွင် ဦးဆောင်လျက်ရှိသည်။ ကန်ဒရစ်ခ်လာမာသည် ဂရမ်မီဆုပေးပွဲတွင် ကနေဒါအဆိုတော် The Weeknd နှင့်အတူ ဖျော်ဖြေသွားမည် ဖြစ်သည်။

တေလာသည် 1989 တေးသီချင်း အယ်လ်ဘမ်ဖြင့် ဂရမ်မီဆုအတွက် ရွေးချယ်ခံထားရပြီး ဆုခုနစ်ဆုအတွက် ရွေးချယ်ခံထားရကာ ကနေဒါအဆိုတော် The Weeknd သည်လည်း ဂရမ်မီဆု ခုနစ်ဆုအတွက် ရွေးချယ်ခံထားသည်။ ယခုနှစ် ဂရမ်မီဆုပေးပွဲတွင် LL Cool J သည် အစီစဉ်မှူးအဖြစ် ဆောင်ရွက်သွားမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly