ဖားကန့်မြို့က အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွင် ကျဆုံးသွားသည့် အာဇာနည် ကျော်လင်းထိုက် ၁ နှစ်ပြည့်လွမ်းသူ့ပန်းများချ ဆုတောင်းပေး

ဖားကန့်မြို့က အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွင် ကျဆုံးသွားသည့် အာဇာနည် ကျော်လင်းထိုက် ၁ နှစ်ပြည့်လွမ်းသူ့ပန်းများချ ဆုတောင်းပေး

မတ် ၁၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယနေ့မတ်လ ၁၄ ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင့်ရေး သပိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှု ကြောင့် ကျဆုံးသွားသော အာဇာနည် ကျော်လင်းထိုက် ကျဆုံးခြင်း တစ်နှစ်ပြည့် ဝမ်းနည်းခြင်း သပိတ်ကို ပြုလုပ်ကြကြောင်း သိရသည်။

အာဇာနည် ကျော်လင်းထိုက် ကျဆုံးခဲ့သော မရှီကထောင် လမ်းပေါ်တွင် လွမ်းသူ့ပန်းများချကာကောင်းရာသုဂတိလားပါစေရန် ဆုတောင်းပေးခဲ့ကြသည်။

အာဇာနည် ကျော်လင်းထိုက်သည်၂၀၂၁ မတ်လ ၁၄ ရက်နေ့လည်က ဖားကန့် မရှီကထောင် ကုန်းဆင်းတွင် ဆိပ်မူ (ဆိုင်းတောင်) သပိတ် စစ်ကြောင်းနှင့်အတူ ဆန္ဒဖော်ထုတ်နေချိန် စစ်ကောင်စီတပ်ဖွဲ့ ၏ ပစ်ခတ်မှုကြောင့်ကျဆုံးခဲ့ရခြင်းဖြစ်သည်။

ဖားကန့်ဒေသတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် များအတွင်း ပြည်သူ သုံးဦးကျဆုံးခဲ့ကာ ၅၀ဦး ခန့်ဖမ်းဆီးခံခဲ့ရသည်။

#Mizzima

#ကချင်ပြည်နယ်

#ဖားကန့်မြို့

#သပိတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required