အာဏာလွှဲရန် အဆင်သင့်ဖြစ်ပြီဟုပြောကာ လွှတ်တော်သို့ ဧရာဝတီတိုင်း ဝန်ကြီးချုပ် သွားနှုတ်ဆက်

အာဏာလွှဲရန် အဆင်သင့်ဖြစ်ပြီဟုပြောကာ လွှတ်တော်သို့ ဧရာဝတီတိုင်း ဝန်ကြီးချုပ် သွားနှုတ်ဆက်

ပုသိမ်၊ဇန်နဝါရီ ၂၁ ။           ။ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၁၄ကြိမ်မြောက် နောက်ဆုံးအစည်းအဝေးတွင် အာဏာလွှဲရန်အဆင့်သင့်ဖြစ်ပြီဟု ပြောကာ လွှတ်တော်သို့ တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်က လွှတ်တော်ကိုယ်စားလှယ်များအား ဇန်နဝါရီ ၂၁ရက်နေ့တွင် ပြုလုပ်သည့် အစည်းအဝေးတွင် သွားရောက်နှုတ်ဆက်စကား ပြောသည်ကိုတွေ့ရသည်။

ပြည်သူများစိတ်ကြိုက်ရွေးချယ်မှုဖြင့် အစိုးရသစ်ဖြစ်လာတော့မည်ဖြစ်ကြောင်း ပြည်သူများ၏ရွေးချယ်မှုအပေါ် ကျွန်တော်တို့အစိုးရအနေဖြင့်လည်းကောင်း၊ ပါတီအနေဖြင့်လည်းကောင်း   ကျေနပ်လက်ခံပြီး ရလဒ်အတိုင်းသာ ဆက်သွားမှာဖြစ်ကြောင်း ၎င်းကလွှတ်တော်တွင် ပြောကြားသည်။

"ကျွန်တော်တို့ အစိုးရအနေနဲ့ အစိုးရသစ်ကိုလွဲပြောင်းဖို့ပြင်ဆင်ထားပြီးနောက်လာမယ် အစိုးရသစ်အတွက် အခြေခံကောင်းတွေရအောင် ဆောင်ရွက်ပေးမှာပါ၊လွှတ်တော်တင်ပြထားတဲ့စီမံကိန်းတွေဟာ အစိုးရသစ်အတွက်အခြေခံကောင်းတွေရအောင် တဆက်တည်းလုပ်ငန်းတွေဆောင်ရွက်သွား နိုင်အောင် တင်ပြခဲ့တာပါ၊ ဒါတွေက လာမယ်အစိုးရသစ်အတွက်   ဖောင်ဒေးရှင်းကောင်းတွေ ချမှတ်ပေးတာဖြစ်ပါတယ်"ဟု ဝန်ကြီးချုပ်က ဆိုသည်။

အစိုးရသက်တမ်းကာလတွင် စေတနာအရင်းခံထားကာ ဦးစီးလုပ်ဆောင်ခဲ့ကြောင်း၊တက်လာမည့် အစိုးရသစ်အနေဖြင့် ကျွန်တော်တို့၏ လုပ်ဆောင်မှုကို ကြည့်၍ရပါကြောင်း၊ ကိုယ့်ဒေသအတွက် အကောင်းဆုံးကြိုးပမ်းခဲ့ရာတွင် အားနည်းချက်များရှိသလို အားသားချက်များလည်းရှိကြောင်း၊သို့သော်လည်း တိုင်းပြည်ကောင်းအောင် အစိုးရတိုင်းဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်း ဝန်ကြီးချုပ်ကဆိုသည်။

"လူပုဂ္ဂိုလ်တွေအားနည်းချက် မူဝါဒပိုင်းအားနည်းချက် လူမှုရေးလုပ်ငန်းပိုင်ဆိုင်ရာ အားနည်းချက်တွေ ဒီလိုအားနည်းချက်တွေက အားနည်းချက်ဖြစ်ပေါ်လာပါတယ် ၊ကျွန်တော်တို့ နိုင်ငံအစိုးရ အဆက်ဆက်ကြည့်ရင် ပါလီမန်အစိုးရလည်း သူကောင်းအောင်လုပ်တာပါ ၊ဆိုရှယ်လစ်အစိုးရလည်း ဆိုရှယ်လစ်ခေတ်မှာ တိုင်းပြည်ကောင်းအောင် ဆောင်ရွက်ကြတာပါပဲ၊တပ်မတော်အစိုးရလည်း တပ်မတော်အစိုးရထုံးတမ်းအစဉ်အလာနဲ့အညီ တိုင်းပြည်ကောင်းအောင်ကြိုးစားဆောင်ရွက်တာပါပဲ၊ အချိန်တန်တော့လည်းပြီးမြောက်သွားတာပါပဲဟု ၎င်းကဆိုသည်။

လွတ်တော်နောက်ဆုံးနေ့တွင် လုပ်ဖော်ကိုင်ဖက် ညီအကိုမောင်နှမများကို နှုတ်ဆက်ကျေးဇူးတင်းကြောင်း၊ ငါးနှစ်တာကာလတွင် ပြောမှားဆိုမှားလုပ်မှားကိုင်မှားများရှိပါက အစိုးရအဖွဲ့အနေဖြင့်လည်ကောင်း၊ဝန်ကြီးချုပ်အနေဖြင့် လည်းကောင်း၊လွှတ်တော်ကိုယ်စားလှယ်များက သည်းခံခွင့်လွှတ်နားလည်ပေးရန် ပြောကြားလိုသည်ဟု ဝန်ကြီးချုပ် ဦးသိန်းအောင် ကနှုတ်ဆက်စကားပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် အင်္ဂပူမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံရပြီးနောက် တိုင်းဝန်ကြီးချုပ်ဖြစ်တာဝန်ယူသည်။ စစ်အစိုးရလက်ထက်တွင် သစ်တောဝန်ကြီးအဖြစ်လည်းကောင်း၊စွမ်းအင်ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ပြီး၊တပ်မတော်တွင်ဗိုလ်မှူးးချုပ် အဆင့်အထိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly