မြိတ်မြို့ လသာကျေးရွာအနီး စစ်ကောင်စီခန့် ဝန်ကြီးချုပ် လိုက်ပါလာသည့် ယာဉ်တန်း တိုက်ခိုက်ခံရ

By ကိုရွှေမြိတ်
10 March 2022
မြိတ်မြို့ လသာကျေးရွာအနီး စစ်ကောင်စီခန့် ဝန်ကြီးချုပ် လိုက်ပါလာသည့် ယာဉ်တန်း တိုက်ခိုက်ခံရ

မြိတ်၊ မတ်လ၊ ၁၀

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့မှ မြိတ်မြို့ ဘက်သို့ မောင်းလာသည့် ကား ၁၅ စီးပါ စစ်ကောင်စီခန့် ဝန်ကြီးချုပ်လိုက်ပါလာသည့် ယာဉ်တန်း မတ်လ ၈ ရက် နံနက် ၉ နာရီက တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီ ဘက်မှ နှစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တနင်္သာရီမြို့နယ်နေ ဒေသခံ တစ်ဦးက"ယာဉ်တန်းက VIP ယာဉ်တန်း ဖြစ်တယ်။ မြိတ် အပြန်မှာ တိုက်ခိုက်ခံခဲ့ရတာ ဖြစ်တယ်။ နှစ်ဦး ထိခိုက်မှု ရှိတယ်လို့တော့ သိရတယ်"ဟု ပြောသည်။

အဆိုပါ ယာဉ်တန်းသည် တနင်္သာရီမြို့နှင့် မြိတ်မြို့နယ် အကြားရှိ လာသာကျေးရွာ အနီးတွင် (ဒေသ အခေါ်နယ်ခြယ်) ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ပြောသည်။

ထိုတိုက်ခိုက်မှုအား လက်ရှိအချိန်အထိ မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းမရှိသေးပေ။

ဓာတ်ပုံ - တနသ်ာရီတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကို မတ်လ ၈ရက်က တနသ်ာရီမြို့သို့ သွားရောက်စဥ်

#Mizzima

#မြိတ်မြို့

#စစ်ကောင်စီယာဉ်တန်း

#ပြည်သူကာကွယ်ရေးတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required