ယူကရိန်းကနေ ထွက်ပြေးခဲ့ကြသည့် ဒုက္ခသည်ဦးရေ ၂ သန်း အထိ ရှိလာဟု ကုလ ပြော

ယူကရိန်းကနေ ထွက်ပြေးခဲ့ကြသည့် ဒုက္ခသည်ဦးရေ ၂ သန်း အထိ ရှိလာဟု ကုလ ပြော
Photo - Google

မတ်လ ၈ ရက်

ယူကရိန်းနိုင်ငံကနေ အခြားနိုင်ငံများသို့ ထွက်ပြေးလာကြသည့် ဒုက္ခသည် ဦးရေသည် ယခုအခါ နှစ်သန်းအထိ ရှိလာပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီ (UNHCR) ၏ အကြီးအကဲ ဖိလစ်ပို ဂရန်ဒီက မတ်လ ၈ ရက်တွင် ပြောသည်။

ယင်းသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပ၌ အလျင်မြန်ဆုံး ကြီးထွားလာနေသော ဒုက္ခသည် အကျပ်အတည်းတစ်ခုကို ပြသနေသည်။

ယူကရိန်းမှ ထွက်ပြေးလာသော ဒုက္ခသည် ဒုတိယလှိုင်းတစ်ခုက ပထမလှိုင်းထက် ပိုမိုပြီး ခုခံကာကွယ်နိုင်စွမ်း နည်းပါးဖွယ် ရှိကြောင်း ဂရန်ဒီက ပြောသည်။

“စစ်ပွဲ ဆက်ဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ အရင်းအမြစ်တွေ၊ အဆက်အသွယ်တွေ မရှိဘဲ ထွက်ပြေးလာကြရတဲ့သူတွေကို စတင် မြင်ရပါလိမ့်မယ်” ဟု ၎င်းက အော်စလို၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

“ဥရောပနိုင်ငံများအတွက်လည်း ရှေ့ဆက်စီမံခန့်ခွဲရန်အတွက် ပိုမို ရှုပ်ထွေးသော အခြေအနေတစ်ခု ရှိလာလိမ့်မည်” ဟု ၎င်းက ပြောသည်။ ယင်းအတွက်ကြောင့် ဥရောပနှင့် ပြင်ပတို့တွင် ပိုမိုအားကောင်းသည့် စည်းလုံးညီညွတ်မှု ရှိရန် လိုသည်ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly