မိုင်းရှင်းလင်းရန် စက်ပစ္စည်း ကိရိယာများ လိုအပ်ဟု မင်းတပ် CDF ဆို

မိုင်းရှင်းလင်းရန် စက်ပစ္စည်း ကိရိယာများ လိုအပ်ဟု မင်းတပ် CDF ဆို

မတ် ၇

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် (၃) ဒေသတွင်း နယ်မြေ ရှင်းလင်းရေးနှင့် ပြည်သူများ ထိခိုက်မှု မရှိစေရန် လက်ကျန်မိုင်းများ ရှင်းလင်းရေးအတွက် မိုင်းရှင်း စက်ပစ္စည်း ကိရိယာများ လိုအပ်နေသည်ဟု မင်းတပ် CDF၊ သိန်းငှက်တပ်ရင်းမှ သိရသည်။

''အခက်ခဲကတော့ မြေမြှုပ်မိုင်းတွေ ပြန်လည် ရှင်းလင်းရေး လုပ်တဲ့ချိန်မှာ စက်ကိရိယာ အကူပါရင်တော့ ပိုစိတ်ချရတာပေါ့။ အခုတော့ မြေပွပွလေး နေရာတွေနဲ့ မသင်္ကာတဲ့ နေရာတွေဆို လူကပဲ ဖွဖွလေးတူးပြီး ရှာရတာဆိုတော့ စိုးရိမ်ရတယ်။ စစ်ခွေးတွေ သွားခဲ့တဲ့ တောတောင် တစ်လျှောက် လိုက်ပြီး ရှင်းလင်းရတာပေါ့။ စိတ်ချရမှ အရပ်သားတွေကို တောတောင်ထဲ သွားလာခွင့် ပေးတာပါ'' ဟု သိန်းငှက် တပ်ရင်း (၁) တပ်ရင်းမှူးက ဆိုသည်။

သိန်းငှက်တပ်ရင်း နယ်မြေအတွင်း မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်မှု မရှိသေး သော်လည်း စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းနေ စစ်ဘေးရှောင် တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီတပ် ထောင်ထားသည့် မြေမြှုပ်မိုင်း နင်းမိ၍ လူငါးဦးထက်မနည်း သေဆုံးခဲ့ပြီး ညာဘက်ပေါင်ရင်း ပြတ်သွားသည့် အသက်သုံးနှစ်အရွယ် မိန်းကလေး တစ်ဦးနှင့် ညာလက်ချောင်းများ ပြတ်သွားသည့် အသက် နှစ်နှစ်အရွယ် ယောကျ်ားလေး တစ်ဦး ရှိကြောင်း သိရသည်။

#MizzimaTV

#မင်းတပ်မြို့နယ်

#မြေမြှုပ်မိုင်း

#သိန်းငှက်တပ်ရင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required