ဒီးမော့ဆိုမြို့နယ် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ၅ ဦးထက်မနည်း သေဆုံး

ဒီးမော့ဆိုမြို့နယ် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ၅ ဦးထက်မနည်း သေဆုံး

မတ် ၅

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါကမီးကျေးရွာနှင့် ပူဖားကျေးရွာသို့ စစ်ကောင်စီ စစ်ကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင်နေပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်နှင့် သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်မှ ငါးဦးထက်မနည်း သေဆုံးပြီး PDF တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒီးမော့ဆို PDF က ယနေ့ မတ်လ ၅ ရက်တွင် ထုတ်ပြန်သည်။


 
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ရမ်းသန်း ပစ်ခတ်မှုကြောင့် ပြည်သူနေအိမ် ၁၅ လုံး ထိမှန်ခဲ့ပြီး ၁၇ လုံးထက်မနည်း မီးလောင် ပျက်စီးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကရင်နီပြည်နယ် အတွင်း စစ်ကောင်စီတပ် အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေပြီး တင့်ကား၊ တိုက်လေယာဉ်များ အသုံးပြုကာ ကရင်နီ တပ်မတော် KA၊ KNDF၊ DMO-PDF၊ Loikaw PDF စသည့် တော်လှန်ရေး အင်အားစုများနှင့် အဆက်မပြတ် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

လက်ရှိ တိုက်ပွဲ ပိုမိုပြင်းထန်လာ၍ ဒီးမော့ဆိုမြို့နယ်ရှိ မိဘပြည်သူများ သတိရှိရှိ သွားလာ နေထိုင်ရန် ဒီးမော့ဆို PDF က အသိပေး ထုတ်ပြန်ထားသည်။
#PDF
#ဒီးမော့ဆိုမြို့နယ်
#လက်နက်ကြီး
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required