မော်လမြိုင်တွင် COVID-19 ကြောင့် သေဆုံးသူ ၃၀ ကျော်ရှိ

By ကိုရွှေမြိတ်
04 March 2022
မော်လမြိုင်တွင် COVID-19 ကြောင့် သေဆုံးသူ ၃၀ ကျော်ရှိ

မတ် ၄

မော်လမြိုင်မြို့တွင် COVID-19 ရောဂါ ကူးစက်မှု စတုတ္ထလှိုင်း ပြန်စပြီးနောက် သေဆုံးသူ ၃၀ ကျော် အထိ ရှိနေကြောင်း Mawlamyine Rescue အရေးပေါ် လူမှု ကယ်ဆယ်ရေး အဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၆ ရက်မှ မတ်လ ၃ ရက်နေ့ အထိ COVID-19 ကြောင့် သေဆုံးသူ စုစုပေါင်း ၃၄ ဦးရှိကြောင်း Mawlamyine Rescue အဖွဲ့ တာဝန်ရှိသူက ဆိုသည်။

"မော်လမြိုင်မှာ တစ်လ အတွင်း COVID-19 ရောဂါပိုးကြောင့် နေ့စဉ် နီးပါး ဆိုသလို သေဆုံးသူရှိနေပါတယ်" ဟု ပြော သည်။

မော်လမြိုင်မြို့တွင် အခြား မြို့များ နည်းတူ နေ့စဉ်နီးပါး ကူးစက်မှု များပြားနေသည်ဟု ဆိုသည်။

#မော်လမြိုင်မြို့

#COVID19

#MawlamyineRescue

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly