ဖလမ်းမြို့နယ် တားလ်ရွာနှင့် တလန်ဇာရ်ရွာကြား တွင် CNDFကာကွယ်ရေးတပ်သား အသတ်ခံရ

ဖလမ်းမြို့နယ် တားလ်ရွာနှင့် တလန်ဇာရ်ရွာကြား တွင် CNDFကာကွယ်ရေးတပ်သား အသတ်ခံရ

မတ် ၃

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ တားလ်ရွာနှင့်တလန်ဇာရ်ရွာကြား ၁၆မိုင် အနီးတွင် ညာဘက်မျက်လုံးဖောက်ထုတ်ပြီး၊လည်လှီးထားသည့် ပုံစံမျိုးဖြင့် စစ်ကောင်စီတပ်က သတ်ခဲ့သူမှာချင်းအမျိုးသားအဖွဲ့ချုပ် (CNDF)တပ်သား ဖြစ်ကြောင်း အဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

မတ်လ ၁ရက်တွင် အဆိုပါ ရုပ်အလောင်းကို ရွာသားများက လမ်းဘေးတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သေဆုံးသူသည်အသက် ၂၀ကျော် လူငယ်တစ်ဦး ဟုသာသိရပြီး မည်သူဖြစ်ကြောင်း မသိရှိရဘဲ မတ်လ ၂ရက်တွင် သေဆုံးသူမှာ CNDF ကာကွယ်ရေးတပ်သား Tuan Nei Sum ဖြစ်သည်ဟုသိရခြင်းဖြစ်သည်။

''CNDF ကာကွယ်ရေးတပ်သား Tuan Nei Sum ဖြစ်တယ်။သူကခွင့်ယူပြီးတော့ မီဇိုရမ်ကနေ ရွာကိုခဏအပြန်မှာ အကြမ်းဖက်စစ်ကောင်စီတွေကအခုလိုဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခံရခြင်းဖြစ်တယ်''ဟု ချင်းအမျိုးသားအဖွဲ့ချုပ်မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

မတ်လ ၂ရက် ညနေ ၅နာရီခန့်တွင် ဖလမ်း-ဟားခါးလမ်းမပေါ်ရှိ ဒုတ်ထစ်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ၊ရမ်ထလိုရွာနှင့် ဒုတ်ထစ်ရွာကြားတွင်လည်း ပြင်းထန်တိုက်ပွဲများဖြစ်ပွါးနေကြောင်း သိရသည်။

#MizzimaTV

#cndf

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly