မင်းတပ်မြို့နယ်အတွင်း အရက်ဘီယာ ရောင်းချခွင့် ပိတ်ပင်

မင်းတပ်မြို့နယ်အတွင်း အရက်ဘီယာ ရောင်းချခွင့် ပိတ်ပင်

ဖေဖော်ဝါရီ ၂၈

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း အရက် ဘီယာ ရောင်းဝယ် ဖောက်ကားမှုအား တားမြစ်ပိတ်ပင် လိုက်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF Mindat က ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည်။

အရက်ဘီယာ ရောင်းဝယ် ဖောက်ကားရေး ကိစ္စအား CDF Mindat ၏ စတုတ္ထ အကြိမ်မြောက် ဗဟို ကာကွယ်ရေး ကော်မတီ အစည်းအဝေးတွင် ဆွေးနွေးခဲ့ပြီးနောက် မင်းတပ်မြို့နယ် တစ်ခုလုံးတွင် တားမြစ် ပိတ်ပင်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဆိုသည်။

မင်းတပ်မြို့နယ် အတွင်း အရက် ဘီယာ ရောင်းဝယ် ဖောက်ကားမှု လုံးဝ မပြုလုပ်ရန်နှင့် ပြုလုပ်သူများအား ထိထိရောက်ရောက် အရေးယူမည်ဟု CDF Mindat ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်းကိစ္စနှင့် စပ်လျဉ်းပြီး သီးခြား ကြေညာချက် ထုတ်ပြန်ခြင်း မပြုမီ အချိန်အထိ ယခု‌ကြေညာချက် အတည် ဖြစ်ကြောင်း မင်းတပ်မြို့နယ် အတွင်းရှိ အများပြည်သူ သိရှိစေရန် အသိပေး ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

#မင်းတပ်မြို့

#အရက်ဘီယာ

#CDF_Mindat

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required