နယူးယောက်မြို့က NUG၏ ငွေတိုက်စာချုပ် ရောင်းချပွဲမှာ ၃နာရီအတွင်း ၁၆၈၂၀၀ ဒေါ်လာရရှိ

နယူးယောက်မြို့က NUG၏ ငွေတိုက်စာချုပ် ရောင်းချပွဲမှာ ၃နာရီအတွင်း ၁၆၈၂၀၀ ဒေါ်လာရရှိ

ဖေဖော်ဝါရီ ၂၈

နယူးယောက်မြို့က အမျိုးသားညီညွတ်ရေးအစိုးရ NUG၏ ငွေတိုက်စာချုပ် ရောင်းချပွဲမှာ ၃နာရီအတွင်း အမေရိကန်ဒေါ်လာ ၁၆၈၂၀၀ ဒေါ်လာရရှိခဲ့သည်ဟု သိရသည်။

ငွေတိုက်စာချုပ်ရောင်းချပွဲကို နယူးယောက်မြို့ Queens ရပ်ကွက်က သမိုင်းဝင်ခန်းမ ဖြစ်သော Flushing Town Hall တွင် ဖေဖေါ်ဝါရီလ ၂၇ရက်တွင် နေ့လည်၂နာရီမှ ၅နာရီ အတွင်း ဖွင့်လှစ် ရောင်းချ ခဲ့ခြင်း ဖြစ်သည်။

နယူယောက်မြို့ရှိ မြန်မာပြည်ဖွား ညီအကိုမောင်နှမ ၃၀၀ ခန့် က ဝယ်ယူအားပေးခဲကြသည်ဟုလည်း သိရသည်။

မြန်မာစားစရာအလှူရှင်များကလည်း ငွေတိုက်စာချုပ်ဝယ်ယူသောသူများကို NUG ကိုယ်စား ကျေးဇူးတင်သည့် အနေဖြင့် စားစရာများကို TO-GO အဖြစ်လက်ဆောင်အနေနဲ့ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။

#MizzimaTV

#NUG

#ငွေတိုက်စာချုပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required