ဖားကန့်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးသပိတ်နှင့် KIA၊ PDF၊ NUG ထောက်ခံပွဲ ပြုလုပ်

ဖားကန့်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးသပိတ်နှင့် KIA၊ PDF၊ NUG ထောက်ခံပွဲ ပြုလုပ်

ဖေဖော်ဝါရီ ၂၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်က စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီး သပိတ်နှင့် KIA၊ PDF၊NUG ထောက်ခံပွဲ ပြုလုပ်ကြသည်။

အင်တာနက် ဖြတ်တောက်ခံထားရသည်မှာ ခြောက်လကျော်ကြာ ရှိလာပြီဖြစ်သည့် ဖားကန့်မြို့ရှိ ဆန္ဒပြပြည်သူများက KIA နှင့် PDF တိုက်ပွဲတိုင်းမှာ နိုင်ပါစေဟု ဆုတောင်းပေးကြသည်။

သပိတ်မှောက်ချီတက်ရာတွင် “NUG အစိုးရ ဒို့အစိုးရ၊ အားတင်းထားပါ KIA မင်းတို့နဲ့ အတူ ဖားကန့်ရှိတယ်၊ အားတင်းထားပါ PDF မင်းတို့နဲ့ အတူ ဖားကန့်ရှိတယ်၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ဒို့အရေး၊ ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး၊ အကြမ်းဖက် စစ်တပ် လုံးဝအုပ်ချုပ်ခွင့် မရစေရ၊ အင်တာနက်ဖြတ်တဲ့ မင်းအောင်လှိုင် အဖွဲ့ အသေဆိုး နဲ့ သေပါစေ၊ နွေဦးတော်လှန်ရေး အရေးတော်ပုံအောင်ကို အောင်ရမည် ”ဟု ကြွေးကြော်ချီတက် သပိတ်မှောက်ခဲ့ကြသည်။

#ဆန္ဒပြ

#ဖားကန့်မြို့

#PhotoNews

#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly