အမျိုးသားပညာရေးဥပဒေ ပြည်ထောင်စုလွှတ်တော်အတည်ပြု၊ ကျောင်းသားများတောင်းဆိုချက်များ ပြန်လည်ပါရှိမှု နည်းပါး

အမျိုးသားပညာရေးဥပဒေ ပြည်ထောင်စုလွှတ်တော်အတည်ပြု၊ ကျောင်းသားများတောင်းဆိုချက်များ ပြန်လည်ပါရှိမှု နည်းပါး

နေပြည်တော်၊ ဇွန်၁၈ ။       ။ ပြည်ထောင်စုလွှတ်တော်က ယနေ့ (ဇွန် ၁၈ရက်တွင်) အတည်ပြုလိုက်သည့် အမျိုးသားပညာရေး ဥပဒေ တွင်ကျောင်းသားများတောင်း ဆိုချက်များ လွှတ်တော်တွင် ရှုံးနိမ့်သွားသည့်အတွက် ဆပ်စပ်ဥပဒေများတွင် ဥပဒေဘောင် အတွင်းက တောင်းဆိုသွားရန် လိုအပ်သည်ဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီက မီဒီယာများ ကို ပြောသည်။

“အမျိုးသားပညာရေးဥပဒေကြီးက ထွက်သွားပြီ ထွက်သွားတဲ့အခါမှာ ဘာလိုက်ရမလဲဆိုတော့ ဆက်စပ်ဥပဒေ ကဏ္ဍအလိုက် ဥပဒေလိုက်ရမယ်၊ တက္ကသိုလ်နဲ့ ပက်သက်ရင် ဘာထွက်လာမလဲ၊ အဆင့်မြင့် ဥပဒေထွက်လာမယ်၊ အဲဒီအဆင့်မှာ ဆွေးနွေး ကြအုန်း၊ အကြံပြုကြအုန်း၊ တောင်းဆိုနိုင်တဲ့ ဥပဒေဘောင်အတွင်း က တောင်းဆိုကြ တက္ကသိုလ်ပဋိညဉ် ထွက်လာမယ်”ဟု ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီက ပြောသည်။

အမျိုးသားလွှတ်တော်တွင် အမျိုးသား ပညာရေးဥပဒေကြမ်းနှင့် ပတ်သက်ပြီး ကျောင်းသားများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ လေး ပွင့်ဆိုင်တွင် သဘောတူညီထား သည့်အချက်များကို အမျိုးသားပညာရေးဥပဒေကြမ်းတွင် ထည့်သွင်းမှုများနှင့်ပတ်သက်ပြီး လွှတ်တော်နှစ်ရပ်သဘောထား ကွဲလွှဲမှုများရှိသည့် အတွက်ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးအတည်ပြုခြင်းဖြစ်သည်။

အမျိုးသားပညာရေးဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် ပြည်ထောင်စုလွှတ်တော်တွင် ဇွန် ၁၇ ရက်နှင့် ဇွန် ၁၈ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ပြီး အတည်ပြုလိုက်ခြင်းဖြစ်သည်။

“အချက်ပေါင်း၁၁ချက် ကွဲလွဲသွားတယ်၊ အဲဒီ့မှာ အမျိုးသားလွှတ်တော်ကို ခြောက်ချက် လိုက်တယ်၊ ကျန်တဲ့ ၂၁ချက် အမျိုးသား လွှတ်တော်က လက်ခံနိုင်တယ်၊ သိပ်ပြီးမူဝါဒမကွဲတဲ့ဟာတွေ၊ စကားရပ်အသုံးနှုန်းလောက်ပဲ လွဲတာတို့ အနှစ်သာရမပျက်တာတို့ ပိုပြီး ပြည့်စုံသွားအောင် ရှိပါတယ်၊ အားလုံး ၂၇ချက် လက်ခံပေး လိုက်တယ်၊ အားလုံး ၂၇ချက် လိုက်လျောလိုက်တယ်၊ ၂၄ချက် ကလိုက်လျောလို့မရဘူး၊ ကတိကဝတ်၊ ကြားနာခဲ့စဉ်က ရပ်တည်ချက် အတိုင်းပဲ၊ ပြင်လို့မရဘူး ၊ရှုံးတာ နိုင်တာကတော့သဘော သဘာဝအတိုင်းပဲ၊ အခုမရဘူး” ဟု အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီက ပြောသည်။

၊အမျိုးသားလွှတ်တော်၏ ဆုံးဖြတ်ချက်အတိုင်း တိတိကျကျလိုက်နာတာ ခြောက်ချက်ပဲ ရှိပြီး ၅၁ မှာ ၄၅ ချက် မရရှိဘူးဟု ဆိုသည်။

“အဲဒီမှာ ကျောင်သားနဲ့ တောင်းဆိုချက် အများကြီး ပါသွားနိုင်တာပေါ့ လိုအပ်ချက်ရှိတယ်လို့ထင်တဲ့ ဆန္ဒမပြည့်တဲ့ ပြည်သူတွေ အနေနဲ့ကတော့ အဆင့်မြင့်ပညာ ဥပဒေမှာရော၊ အခြေခံ ပညာဥပဒေမှာရော ဥပဒေကြမ်းပါလာမယ်”ဟု ဦးခင်မောင်ရီက ဆက်ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly