ရွှေတိဂုံစေတီတော်အနီး ဆောက်လုပ်မည့် စီမံကိန်းများ လုံးဝပယ်ဖျက်ပေးရေး လူထုလက်မှတ်ကောက်ခံကာ ကာ/ချုပ်စီတင်မည်

ရွှေတိဂုံစေတီတော်အနီး ဆောက်လုပ်မည့် စီမံကိန်းများ လုံးဝပယ်ဖျက်ပေးရေး လူထုလက်မှတ်ကောက်ခံကာ ကာ/ချုပ်စီတင်မည်

ရန်ကုန်၊ ဇွန် ၁၇ ။       ။ ရွှေတိဂုံစေတီတော်အနီး ဆောက်လုပ်မည့် စီမံကိန်းများ လုံးဝပယ်ဖျက်ပေးရေး လူထုလက်မှတ်ကောက် ခံကာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံသို့ စာတင်သွားမည်ဟု ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ တာဝန် ရှိသူတစ်ဦးဖြစ်သည့် ဆရာတော်ဦးပါမောက္ခက ဇွန်လ ၁၇ရက်က မိန့်ကြားသည်။

ဇွန်လ ၁၇ရက်က မင်းကွန်းတိပိဋက နိကာယ်ကျောင်းတိုက် ရွှေရတုကျောင်းတွင် ပြုလုပ်သည့် လေးဆူဓာတ်ပုံ မြတ်ရွှေတိဂုံစေ တီတော် ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ စာတမ်းဖတ်ခြင်းနှင့် မီဒီယာရှင်းလင်းပွဲ အခမ်းအနားတွင် မိန့်ကြားခဲ့ခြင်းဖြစ်သည်။

ဦးပါမောက္ခက "ဒီဆောက်လုပ်ရေးစီမံကိန်းတွေက တပ်ပိုင်မြေပေါ်မှာ ရှိနေတာဆိုနေတော့ တာဝန်အရှိဆုံးဖြစ်တဲ့ တပ်မတောရဲ့ ထိပ်ဆုံးအကြီးအကဲလည်းဖြစ် ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဆီကို ပြည်သူ့ဆန္ဒ လက်မှတ်တွေနဲ့အတူ ကန့်ကွက်စာတင်သွားမယ်။ ဘုန်းကြီးကတော့ ဒီကိစ္စနဲ့ ပတ် သက်ရင် ဘူဒိုဇာတွေထိုးနေရင်တောင် ဘူဒိုဇာအောက်ကနေ ဒီစီမံကိန်းတွေ ဆက်မဆောက်ဖို့ ကန်ကွက်ဖို့အတွက် အသက်နဲ့ခန္ဓာကို သရဏဂုံတင်ထားပြီးပါပြီ်" ဟု ဆိုသည်။

ရွှွှေတိဂုံစေတီတော်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ မှ ရန်ကုန်မြို့ရှိ မြို့နယ်များအတွင်း ပြည်သူ့ဆန္ဒလက်မှတ်များကောက်ခံကာ ရွှေတိဂုံစေတီတော် အနီးဆောက် လုပ်မည့် စီမံကိန်းများ အပြီးတိုင် ပယ်ဖျက်ပေးရေးအတွက် ယင်းစာတမ်းဖတ်ပွဲသို့ ပေးပို့လာသည့် ရွှွှေတိဂုံဆိုင်ရာစာတမ်းများ၊ ကန့်ကွက်ကြေညာစာများ နှင့်အတူ သမ္မတရုံး၊ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးသို့ ဇူလိုင်လဆန်းပိုင်း နောက်ဆုံးထား၍ စောနိုင်သမျှစော ပို့ကာ ကန့်ကွက်သွားမည်ဟုလည်း ၎င်းက ဆရာတော် ဦးပါမောက္ခက မိန့်သည်။

ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကို ဇွန်လ ၇ရက်က အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၊ ဝံသာနုရက္ခိတအဖွဲ့ စသည့် ပြည်တွင်းရှိ ဘာသာရေး၊ လူမှုရေးအဖွဲ့အစည်း ၇၀ခန့်မှ လူပုဂ္ဂိုလ်နှင့် သံဃာ စုစုပေါင်း အင်အား ၁၀၀ခန့်ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့သည် ရွှေတိဂုံစေတီတော် ကာကွယ်ရေးအတွက် Dagon city -1 အပါအဝင် စေတီတော်အနီး အထပ်မြင့်အဆောက်အအုံဆောက်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်စေသာ လုပ်ငန်းဆောင် တာများကို ကန့်ကွက်ခြင်း၊ ရွှေတိဂုံကိုကာကွယ်ပါဟူသော နှိုးဆော်ချက်များဖြန့်ဝေခြင်း၊ Dagon city -1စီမံကိန်း ဆက်လက် ဆောင်ရွက်မှုရှိ မရှိ စောင့်ကြည့်လေ့ လာရေးအဖွဲ့ ဖွဲ့ကာ စောင့်ကြည့်မှတ်တမ်းတင်ခြင်း အစရှိသည့် ရွှေတိဂုံကာကွယ်ခြင်းလုပ်ငန်းစဉ် ခြောက်ရပ်ကို လုပ်ဆောင်သွားမည်ဟု လည်း ယင်းအခမ်းအနား တွင် ကြေညာခဲ့သည်။

ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ အဖွဲ့ဝင် ဓမ္မစက္ကဦးမောင်မောင်က “Dagon city -1 စီမံကိန်း ဆက်လက်ဆောင်ရွက်မှုရှိ မရှိစောင့် ကြည့်လေ့ လာရေးလုပ်မှာက သိပ် ခက်ခက်ခဲခဲတော့မဟုတ်ပေမယ့် အမြဲမပြတ် စောင့်ကြည့်သွားမယ်။ အင်အားက ၂၂ဦးရှိနေတယ်။ ထူးခြားတာနဲ့ အရေးယူဆောင်ရွက်ဖို့ ချက်ချင်းဖော်ထုတ်သွားမှာဖြစ်ပါတယ်”ဟုဆိုသည်။

Dagon city -1 စီမံကိန်းဆောက်လုပ်နေသော မြေနေရာသည် တပ်ပိုင်မြေဖြစ်သော်လည်း ယင်းမြေပေးတွင်ဆောက်လုပ်မည့် အဆောက်အအုံသည် အများပြည် သူဆိုင်ရာ၊ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ထိခိုက်စေသော ကိစ္စရပ်များဖြစ်ပေါ်လာပါက ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေများအရ အများပြည်သူမှကန့် ကွက်ပိုင်ခွင့်ရှိပြီး ထာဝရ တားဝရမ်း တောင်းပိုင်ခွင့်ရှိသည်ဟုလည်း ခရမ်းရောင် သာတူညီမျှ ဥပေဒပညာအဖွဲ့မှ အထက်တန်းရှေ့နေ ဦးဖိုးဖြူက စာတမ်းဖတ်ကြား ခဲ့သည်။

ဦးဖိုးဖြူက "ပုဒ်မ ၂၇အရ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းဖို့ နိုင်ငံတော်အစိုးရမှာ တာဝန်ရှိတယ်လို့ အဓိပ္ပယ်ရတဲ့ ပြဋ္ဌာန်းချက်ရှိတယ်။ဒါ့အပြင် ဒီပုဒ်မ အရ ပဲ ပျက်စီးနိုင်တဲ့ အခြေအနေကို ခြိမ်းခြောက်ခံနေရတဲ့ အနေအထားရှိတဲ့ အချက်ရှိရင် ဒါကို သက်သေထူပြီး ထာဝရ တားဝရမ်း တောင်းခွင့်ရှိ ပါတယ်။ တောင်းသင့် တဲ့အခြေအနေပါ” ဟု ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍  ဇွန်၁၇ရက်က ရန်ကုန်အနောက်ပိုင်းခရိုင်ကော်မတီဝင် ဦးခင်လှိုင်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ “ရွှေတိဂုံ သိင်္ဂုတ္တရ ကုန်းတော်နှင့် ဆက်စပ်နေသည် ဒဂုံစီးတီး အပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းများနှင့်် ပတ်သက်သည့် အစီအရင်ခံစာ”အမည်ရှိ အစီအရင်ခံစာ တစ်စောင်တင် ခဲ့ပြီးယင်းတွင် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ စေတီတော်များနှင့်ယှဉ်၍ ဘုရားကုန်းတော် (သိဂုၤတ္တရကုန်း) ပေါ်တွင်လူနေ အဆောက်အအုံများဆောက် လုပ်နေထိုင်ခြင်းသည် ဆောက်လုပ်သူများ အနေဖြင့် ဗုဒ္ဓဘာသာဝင်တို့၏ ဘာသာရေးနှင့် ယဉ်ကျေးမှုကို စော်ကားရာ ရောက်သကဲ့သို့ နေထိုင်သူများ အနေဖြင့် လည်း မသင့်တော်ခြင်း၊ အေးချမ်းတိတ်ဆိတ်ရမည့် ဘာသာရေးနှင့်ယဉ်ကျေးမှုဇုံတွင် ဖေါ်ပြပါ စီးပွားရေအဆောက်အအုံများကြောင့် ဆူညံမှုများ၊ လူမှုရေးရှုပ်ထွေး မှုများ ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့်  အဆိုပါစီမံကိန်းများနှင့် အဆောက်အအုံးများ ဆောက်လုပ်ရန် မသင့်ပါကြောင်းအသိပေးတင်ပြ လိုသည်ဟုလည်း ဖော်ပြထား သည်။

ယင်းအပြင်ဇွန်လ ၉ ရက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ညိုညိုသင်းနှင့် ဇွန်လတွင်ကျင်းပသည့် ပြည်သူ့ လွှတ်တော်တို့တွင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်တို့ကလည်း ဒဂုံစီးတီးစီမံကိန်းကိစ္စနှင့် ပတ်သက်ပြီး ပြန်လည်သုံးသပ်ရန် တင်ပြခဲ့ဖူးသည်။ သို့သော် လွှတ်တော်အမတ်များ၏ အဆိုကို တိုင်းအစိုးရက ပယ်ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly