လှေစီး ဒုက္ခသည်များအရေး နိုင်ငံတော်အစိုးရ ပြတ်သားသော မူဝါဒဖြင့် ဆောင်ရွက်ရန် အရေးကြီးအဆို တင်သွင်း

လှေစီး ဒုက္ခသည်များအရေး နိုင်ငံတော်အစိုးရ ပြတ်သားသော မူဝါဒဖြင့် ဆောင်ရွက်ရန် အရေးကြီးအဆို တင်သွင်း

နေပြည်တော်၊ ဇွန် ၂ ။        ။ လှေစီးထွက်ပြေးသူ ဒုက္ခသည်များကို ပြတ်သားသော မူဝါဒ ချမှတ်ဆောင်သွားရန် နိုင်ငံတော် အစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို အမျိုးသားလွှတ်တော်တွင် ဇွန် ၂ ရက်က တင်သွင်း အတည်ပြုခဲ့သည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက “စတင်တွေ့ရှိသည့် မြန်မာ့ရေပိုင်နက် တွင်ပင် ပဏာမ စစ်ဆေးပြီး တစ်ဘက်နိုင်ငံ ရေပိုင်နက် သို့မဟုတ် နိုင်ငံတကာ ရေပိုင်နက်ကို စားနပ်ရိက္ခာ ထောက်ပံ့ဖြည့်ဆည်းပေးလိုက်ပြီး စောင့်ကြပ် ပို့ဆောင်ပေးလိုက်ပါက ပိုမို သင့်တော် သည့် နည်းလမ်း ဖြစ်ပါသည်။

လက်ရှိ ဟိုင်းကြီးကျွန်း အနီးတွင် ထိန်းသိမ်းထားသော တစ်ဘက်နိုင်ငံ က လူ ၇၀၀ ကျော် လူအုပ်စုအား လာရင်းဒေသကို ပြန် ပို့ပေးရန် သူတို့ကိုယ်တိုင် တောင်းဆိုနေကြောင်း သိရသည့် အတွက် စားနပ်ရိက္ခာ ပံ့ပိုးပေးပြီး တစ်ဘက်နိုင်ငံ ရေပိုင်နက် နယ်နိမိတ်အစပ်ထိ လိုက်ပါပို့ဆောင်စောင့်ကြပ် လိုက်ပို့ စေလိုကြောင်း တင်ပြလိုပါသည်”ဟု အရေးကြီး အဆိုတင်သွင်း စဉ် ပြောသည်။

၎င်းက ကမ္ဘာ့ရှေ့ဆောင် ဒီမိုကရေစီ နိုင်ငံများဖြစ်သည့် အမေရိကန်နိုင်ငံ၊ အိန္ဒိယနိုင်ငံကြီး များတွင် ကျင့်သုံးသကဲ့သို့ ခိုးဝင်လာ သူများအား စစ်ဆေးမေးမြန်း မရှိ ပစ်ခတ်ရှင်းလင်းသည့် နည်းလမ်းကို သုံးပြီး ပြတ်ပြတ် သားသားဆောင်ရွက် သွားပါကနောင် ကျဉ်ပြီး ခိုးဝင်လာသူ အရေးမှာ စိတ်အေးရမည် ဖြစ်သည်ဟုလည်း ဆက်ဆွေးနွေးသည်။

အဆိုပါ အရေးကြီးအဆိုကို အမျိုးသားလွှတ်တော် အစည်းအဝေးတွင် လက်ခံဆွေးနွေးရန် လွှတ်တော် ကိုယ်စားလှယ်များကို မတ်တပ်ရပ် မဲခွဲဆုံးဖြတ်ရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် လွှတ်တော် ကိုယ်စားလှယ်များသာ ကန့်ကွက်ခဲ့သည်။

“ ဖြေရှင်းရမယ် ဆိုတာကို လက်ခံတယ်။ ဖြေရှင်းတဲ့နေရာမှာကော တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီ အခွင့်အရေး၊ လူသားချင်းစာနာတဲ့ အခွင့်အရေး ကိုဆောင်ရွက်ပေး ရမယ်။တင်လိုက်တဲ့ အဆိုကိုကြည့်လိုက်တဲ့အခါ လိုအပ်ရင် ပစ်ခတ်ပြီးတော့ ရှင်းလင်းရမယ်ဆိုတဲ့ ကိစ္စရပ်မျိုးတွေ၊ ဒီလူတွေ စားနပ်ရိက္ခာတင်ပြီး ပင်လယ်ပြင် သွားလွှတ်ဆိုတဲ့ တင်ပြချက် မျိုးပေါ်တင် လာတဲ့ အဆိုကို ဖြစ်လာတဲ့ အခါမှာတော့ လွှတ်တော် အနေအထားမျိုးနဲ့လည်း မကိုက်ညီဘူး။ နောက်ပြီးတော့ တကယ်ဖြစ်သင့်တဲ့ လမ်းကြောင်းကို အပြုသဘောဆောင်တာ မျိုးလည်း မဖြစ်ဘူး။ ဒါကြောင့် မထောက်ခံတာ”ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က ပြောသည်။

အဆိုရှင်က လှေစီးထွက်ခွာသူများကို Boat People ဟု ခေါ်ဆိုပြီး ဒုက္ခသည်များ မဟုတ် သောကြောင့် နိုင်ငံတကာကလည်း ဟိုင်တန် ၊ ဒတ်စ်ဆာတို့ စသည့် ဒုက္ခသည်များနှင့် သက်ဆိုင် သော စကားလုံးများကို အသုံးပြုခြင်း မရှိကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။သို့သော်လည်း ပြည်တွင်းမှ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း အချို့ နိုင်ငံရပ်ခြားက လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းအချို့ ကဒုက္ခသည် ဟု သုံးနှုန်းခြင်းသည် လှေစီး ဝင်ရောက်လာသူ အရေအတွက်ကို ပိုမိုတိုးပွားစေရန် အားပေးရာရောက်ကြောင်းတွေ့ ရှိရသည် ဟုဆွေးနွေးသည်။

“UNHCR လုပ်ငန်းတွေ အကုန်လုံးကို ပြန်လည် စစ်ဆေးဖို့ လိုတယ်။ သူတို့ဘက်က ဝန်ထမ်းတွေ ဒီပြဿနာတစ်ခုဖြစ်အောင် တမင်တကာ ဆွဲဆောင်မှုပြုနေသလား။ UNHCR မလေးရှား ဘယ်လိုလုပ်သလဲ။ UNHCR ရန်ကုန်၊ UNHCR မောင်တော။ လမ်းကြောင်းတစ်ခုကို ဖန်တီးတဲ့အခါ လူဦးရေ ဘယ်လောက် တက်သွားတယ်ဆိုတာ အထောက်အထားရှိတယ်။အဲဒါကြောင့် Boat People ဘယ်လောက်ဆိုတာကို ပြောနိုင်တာပေါ့”ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင် ကပြောသည်။

မေလ(၂၉) ရက်တွင် တပ်မတော်(ရေ)မှ ပင်လယ်ပြင် လုံခြုံရေး တာဝန်ထမ်းဆောင်စဉ် တွေ့ရှိ ကယ်ဆယ်ခဲ့သည့် ဘေးဒုက္ခ ကျရောက်လျက်ရှိသော ဘင်္ဂါလီ (၇၂၇) ဦးအား ဟိုင်းကြီး ကျွန်းရေပြင်သို့ ခေါ်ဆောင်၍ လူသားချင်း စာနာထောက်ထားသည့် အကူအညီများ၊ အစားအစာရိက္ခာနှင့် သောက်ရေများ ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးထားသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၉၄ ဦးရှိသည့်အနက် မတ်တပ်ရပ်ထောက်ခံသူ ၁၈၄ ဦးဖြစ်သည့်အတွက် သတ်မှတ်ထား သည့် ၃ ပုံ ၁ ပုံထက် ပြည့်မီသောကြောင့် ထိုအဆိုကို လွှတ်တော်၌ ဆက်လက်ဆွေးနွေးရန် အတည်ပြုလိုက် သည်။ ဆွေးနွေးလို သည့် လွှတ်တော် ကိုယ်စားလှယ်များသည် ဇွန်လ ၂ ရက်၊ ညနေ ၄ နာရီ နောက်ဆုံးထားပြီး တင်သွင်းရမည်ဖြစ် သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly